Wednesday, December 30, 2015
Basic Networking-I
CCNA ကိုလေ့လာရာတွင် သိသင့်သော Networking အခြေခံလေးများကို How to Master CCNA စာအုပ် ကို ဘာသာပြန် ၍သောလည်းကောင်း၊ မိမိသိသော အကြောင်းအရာကလေးများနဲ့ တင်ပြပေးပါမယ်။
Networking အခြေခံမှာ သိသင့်တာလေးတစ်ခုက
Network topology လေးနှစ်ခုကို သိထားသင့်ပါတယ်။ ဒါတွေက တော့
·         Physical Topology
·         Logical Topology
Physical Topology ဆိုတာက Network Device တွေ Network Cable ကို အမြင်အားဖြင့် ဘယ်လိုတပ်ဆင်ထားလဲဆိုတဲ့ အပေါ်မှာ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
Logical Topology ဆိုတာက အဲဒီ Physical Topology ပေါ်မှာ Data တွေ ဘယ်လိုဖြတ်သန်းစီးဆင်းသွားလဲဆိုတာပါပဲ။
Physical Topology အမျိုးအစားများ
Bus Topology
အထက်ပါပုံလေးက Bus Topology ပါ။ ပထမဦးဆုံး ချိတ်ဆက်တဲ့ Network topology တစ်ခုပါပဲ။ Coax-cable ကို အသုံးပြုပြီးချိတ်ဆက်ခြင်းဖြစ်ပါတယ်။အခြေခံအားဖြင့် Network Cable အရှည်တစ်ခုမှာ Network Devices တွေအားလုံးချိတ်ဆက်ထားခြင်း ဖြစ်ပါတယ်။ Network Cable ရဲ့ အစနဲ့ အဆုံးမှာ Terminator လေးတွေ တပ်ထားပါတယ်။ သူအားနည်းချက်ကတော့ Main Network Cable ကြီးတစ်ခုခုဖြစ်သွားဆိုတာနဲ့ Network ကြီးတစ်ခုလုံး အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။
Ring Topology
အထက်ပါ ချိတ်ဆက်ထားပုံလေးက Ring Topology ပါပဲ။ Ring ပုံစုံမျိုး နဲ့ Devices တွေကို ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။သူလည်းပဲ အဓိက Network cable ကြီး down သွားတာနဲ့ Network ကြီး တစ်ခုလုံးလဲ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ Dual ring ကို redundancy အတွက် နောက်ထပ်Cable တစ်ခုနဲ့ Setup လုပ်ထားနိုင်ပါတယ်။ ဒါဆိုရင် ပထမ cable down သွားတာနဲ့ နောက်cable တစ်ခုနဲ့ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။
Star Topology
ဒါကတော့ ယနေ့ ခေတ်မှာ အသုံးပြုကြ တဲ့ LAN Network Topology တစ်ခုပါပဲ။ Central Network Device( Hub/Switch) တစ်ခုခုကို အလယ်မှာ ထားပြီး ကျန်တဲ့ Device တွေ က ချိတ်ဆက်ကြခြင်းဖြစ်ပါတယ်။ Network media cable အနေနဲ့ ကတော့ UTP (Unshielded Twisted Pair) ကို အသုံးပြုပါတယ်။ ဒီ Topology ကတော့ Central Network Device တစ်ခု down သွားမှပဲ Network ကြီး တစ်ခုလုံး down သွားမှာဖြစ်ပါတယ်။
Full Mask Topology
အထက်မှာပြောခဲ့ တဲ့ Topology သုံးခုက ကျွန်တော်တို့ Local Area Network မှာ သုံးကြတဲ့ ပုံစုံမျိုးတွေ ဖြစ်ပြီး ခုပြောမဲ့ Topology ကတော့ ကုမ္ပဏီ တစ်ခုဟာ တစ်ခြားသောမြို့ တွေမှာ ရှိတဲ့ သူရဲ့ှSites တွေကို  ချိတ်ဆက်တဲ့ ပုံစုံမျိုးပါ။ Router တိုင်းဟာ သူတို့ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ချိတ်ဆက်ထားတဲ့ ပုံစံမျိုးပါ။ Network Link တစ်ခု down သွားတာနဲ့ ကျန်တဲ့ Network တွေကို မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ ခုလိုချိတ်ဆက်ခြင်းဟာ ကျွန်တော် တို့ အတွက် ကုန်ကျစရိတ်ဟာ ပိုဈေးကြီးသွားနိုင်ပါတယ်။ ဘာလို့လဲဆို တော့ sites တွေ Routers တွေကြားမှာ Links နဲ့ Interface တွေ ပိုလိုအပ်လို့ ပဲဖြစ်ပါတယ်။ ဒီ Topology ကို တော့ Full-mesh လို့ခေါ်ပါတယ်။
အထက်ပါ Network Topolgy အပြင် ကျွန်တော့်တို့ ဟာ နောက်ထပ်အလားတူ ကုန်ကျစရိတ်အနည်းငယ်သက်သာစေတဲ့ Partial-Mesh Topology ကို လဲအသုံးပြုနိုင်ပါတယ်။
ဒီ Network Topology ကတော့ ကျွန်တော်တို့ ရဲ့ အရေးကြိးတဲ့ Sites တွေကို ပဲ အဓီက connectလုပ်ထားခြင်းပဲဖြစ်ပါတယ်။
Monday, November 23, 2015
Cisco Aspire Networking Academy Edition
ဒီ Game ရဲ့ Info ကို Facebook မှာ အသိတစ်ယောက် Share ထားတာတွေ့ လို့ google ရှာကြည့်ရင်း  တွေ့ တာ နဲ့ ထင်ပေးလိုက်တာပါ။
Download Link
http://pc.cd/5lErtalK
The Fundamental of Network Security Guide
The Fundamental of Network Security Guide
Download Link
http://pc.cd/gwErtalK
Sunday, November 22, 2015
SyncBackSE V5 Application with crack
SyncBackSE V5 version ဖြစ်ပါတယ်။ File တွေကို Windows မှာ ပါတဲ့ Backup service နဲ့ မလုံလောက်တဲ့ အခါ မှာ သုံးကြပါတယ်။ Crack file ပါပါတယ် ဒါပေမဲ့ Installation လုပ်ပြီးတဲ့ အချိန်မှာ Auto Update တွေ ပိတ်ထားသင့်ပါတယ်။ မပိတ်ထားမိရင် crack အလုပ်မလုပ်တော့ပဲ license register လုပ်ခိုင်းပါလိမ့်မယ်။ Testing လုပ်ကြည့်သင့်တဲ့ backup application တစ်ခုပဲဖြစ်ပါတယ်။ Features တွေကတော့ သူ ရဲ့ official website မှာ ရှာကြည့်နိုင်ပါတယ်။
Download Link
http://pc.cd/7PErtalK
CCNP_Routing_and_Switching_SWITCH_300-115_Official_Cert_Guide
CCNP_Routing_and_Switching_SWITCH_300-115_Official_Cert_Guide
Download Link
http://pc.cd/SlErtalK
CCNP_Routing_and_Switching_Troubleshooting_300-135_Official_Cert_Guide
CCNP_Routing_and_Switching_Troubleshooting_300-135_Official_Cert_Guide
Download Link
http://pc.cd/rwErtalK
Friday, November 20, 2015
Paessler.PRTG.Network Monitor Software with Crack
Paessler PRTG Network Monitor Software ပါ Network ကို Monitor လုပ်တဲ့နေရာမှာတော်တော် လေးကောင်းပါတယ် ဒါပေမဲ့ .ခု တင်ပေးတဲ့ File ကို Study လုပ်ဖို့ ပဲသုံးစေချင်ပါတယ်။ တကယ် real world မှာတော့ license နဲ့ ပဲသုံးသင့်ပါတယ်.။
Download Link
http://pc.cd/7JH7
Wednesday, November 18, 2015
CCNA Data Center Study Guide (Sybex)
CCNA Data Center လေ့လာသူများအတွက် Sybex ကထုတ်တဲ့ စာအုပ်ပါ။
Download Link
http://pc.cd/pR6rtalK
Professional Web Developer (Myanmar) (Ei Maung)
ဆရာအိမောင် ရေးသားထားသော စာအုပ်ဖြစ်ပါတယ်. သူကိုယ်တိုင်လဲ သူ့ ရဲ့ site မှာလဲ Share ထားပါတယ်.။ အောက်တွင် လည်း download ရယူနိုင်ပါတယ်။
Download Link
http://pc.cd/A56rtalK
Ubuntu Guide (Myanmar) (Ei Maung)
ဆရာ အိမောင် ရေးသားထားသော Ubuntu အကြောင်းစာအုပ်ဖြစ်ပါတယ်။ ဆရာ ကိုယ်တိုင် ebook ကို သူ့ ရဲ့ site မှာ ပြန်ရှယ်ထားခြင်းဖြစ်ပါတယ်။ သူ့ ရဲ့ site မှာ သွားရောက်ရယူနိုင်သလို ဒီမှာ Download ရယူနိုင်ပါတယ်။
Download Link
http://pc.cd/K56rtalK
ITIL Certification
CCNA Self Study
CCNA သည် Networking နဲ့ ရပ်တည်နေတဲ့ သူတွေ အတွက် ရယူထားသင့်တဲ့  Certificate တစ်ခုဖြစ်ပါတယ်.။ CCNA ကို Self-Study လုပ်ပြီးဖြေမည့်သူများအတွက် လမ်းညွှန်ပေးခြင်းပါတယ်။
ဖတ်ရမည့်စာအုပ်များနှင့်လေ့လာရမည်များကို အောက်တွင်ဖော်ပြပေးထားပါသည်။
၁) Cisco Official Guide (ICND-1/ ICND-2)
၂) CCNA Portable Command Guide
၃) CBT Nuggets Video Series(ICND-1/ ICND-2)
၎) RHC Technologies Training Series
၅) Ko Thant Zin Soe Video Training & Study Guide
၆) Ko Aung Naing Moe CCNA note (Buy from MCPA)
၇) Sayar Zaw Lin (CCNA intro) & Internetworking books
၈) www.9tut.com (ဖြေခါနီး အတွက် ဒီsite မှာ ရှိတဲ့ question တွေကို ရအောင်လုပ်သွားသင့်ပါသည်။
၉) Latest Dump
ကျေးဇူးတင်ပါသည်။
CISSP Training Kit
Download Link
http://pc.cd/U06rtalK
Tuesday, November 17, 2015
Sybex ITIL Foundation Guide
Information Technology Infrastructure Library (ITIL) သည့်လေ့လာထားသင့်ပါသည်။ 
Download Link
http://pc.cd/QDtrtalK
Project Management Exam(PMI) 5th Edition Ebook
ဘာပဲပြောပြော ဘယ်ကနေပဲ စစ ကျွန်တော် တို့ သည် Level တစ်ခုပြီး တစ်ခု ဖြတ်သွားရမှာပဲလေ. .ကိုရောက်နေတဲ့  Level တွေ မှာ လိုအပ်ချက်တွေ ရှိလာရင်တော့ ထပ်ဖြည့်ကြရမှာ ဖြစ်ပါတယ်။။ ဒီ စာအုပ်ကလေး က ကျွန်တော်တို့ ကို Management Level ရောက်ဖို့ အတွက် သိထားဖတ်ထားရမည့်စာအုပ် တစ်အုပ်ဖြစ်ပါတယ်။ စာမေးပွဲ ဖြေသည့်ပဲ ဖြစ်စေ၊ မဖြေသည်ပဲဖြစ်စေ ဖတ်ထားတာမမှားပါဘူး.။ Exam ဖြေပြီး Certificate ယူထားနိုင်ရင်တော့ ပို ကောင်းတာပေါ့၊ Exam ကြေးက တော့ 500$ လောက်ရှိပါတယ်။ အောက်တွင် Download ၇ယူနိုင်ပါတယ်။
Download Link
http://pc.cd/pstrtalK
Monday, November 16, 2015
Juniper Exam ဖြေမည့်သူများအတွက် လေ့ကျင့်နိုင်ရန် Junos image file
Junipe JNCIA exam ဖြေဆိုမည့်သူများအတွက် Lab တွေ စမ်းလို့ ရအောင် ပြုလုပ်ထားတဲ့  junos OS image file ပါ။ virtual box or vmware နဲ့  ပဲဖြစ်ဖြစ် သုံးလို့ ရပါတယ်။ ဘယ်လို ချိတ်ပြီးသုံးရတာကို နောက် post တစ်ခုအနေ နဲ့ တင်ပေးပါ့မယ်။ ဒါမှမဟုတ် googling လုပ်ကြည့်လို့ လဲရပါတယ် GNS3 site မှာ ရေးထားပါတယ်။ ကျွန်တော် JNCIA ဖြေတုန်းကတော့ တော်တော် လေးအထောက်အကူတော်တော်လေးပြုပါတယ်။ နောက်ပိုင်းကျွန်တော်  Juniper lab လေးတွေ လုပ်ပြီးတင်ပေးသွားပါ့မယ်။
ကျေးဇူးတင်ပါတယ်။
Download Link
http://pc.cd/ehtrtalK
Packet Tracer 6.2 simulator for CCNA and CCNP
CCNA နဲ့ CCNP Networking exam ဖြေမဲ့ သူငယ်ချင်းတွေ အတွက် လေ့ကျင့်နိုင်ရန် Packet Tracer 6.2 latest version (Student version) ကို တင်ပေးလိုက်ပါတယ်...။
Download Link
http://pc.cd/WhtrtalK
Sunday, November 15, 2015
F5-101-Study-Guide-App-Delivery-Fundamentals Ebook
Network Engineer တွေ အတွက် F5 networking ဟာလဲ လေ့လာထားသင့်ပါတယ်..ဒါကတော့ F5 Exam Code F5-101 အတွက် study Guide ပဲဖြစ်ပါတယ်..simulation အတွက်သူ့  official website ဖြစ်တဲ့ https://f5.com/ မှာ download ၀င်ဆွဲပြီး Trial version အနေ နဲ့ testing  လုပ်လို့ ရပါတယ်..။
Download link for ebook
http://pc.cd/BoqrtalK
Latest Exam Dumps
International Exam တွေ အတွက် ရှာတွေ့ ထားတာပါ ..သူငယ်ချင်း ညီအကို တစ်ချို့ ပြန်share ထားကြတာကိုတွေ့ ရပါတယ်...မသိသေးတဲ့ လူတွေ အတွက် ပြန်တင်ပေးခြင်းဖြစ်ပါတယ်... တင်ပေးထားတဲ့ သူကတော့ Mr.Mohammed Nagieb ဖြစ်ပါတယ်..စာမေးပွဲဖြေမယ့်သူများ မိမိသက်ဆိုင်ရာ လေ့ကျင့်ချင် တဲ့ သူများ ..download ရယူနိုင်ပါတယ်..။
https://www.mediafire.com/folder/9bmteb9f67uet
Note: VCE player 1.1.7 ကို ပါ share ထားတာတွေ့ ရပါတယ်..သူတင်ထားတဲ့ files များကို ဒီplayer နဲ့  ဖွင့်နိုင်ပါတယ်။
CCNA Security New Version 210-260 Official Guide
CCNA Security 640-554 exam ဟာ November 30 2015 မှာ ဖြေလို့ ရတော့ မဟုတ်ဘဲ Exam code အသစ် 210-260 ကို သာ ဖြေရတော့မှာ ပဲဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ New Version အတွက် official Cert Guide ဖြစ်ပါတယ်...Security သမားတွေ အတွက် သာမက Networking လေ့လာနေသူများ အတွက် အထောက်အကူဖြစ်စေ၇ုံသာမက exam အသစ်ကို ဖြေဆိုမည့်သူများအတွက် ပါ အဆင်ပြေပါတယ်... အောက်ပါ Link အတိုင်း download ဆွဲရယူနိုင်ပါတယ်..။
Download Link 
Friday, November 13, 2015
Introduction to Router (CCNA Myanmar)
ဒီစာအုပ် ကလေးကတော့ Netpro Myanmar Networking သင်တန်းမှ ကျွန်တော့ တို့ ဆရာ ဦးအောင်မျိုး သင်ကြားမူတွေကို သင်တန်းက အကိုတစ်ချို့ က ပြုလုပ်ထားခြင်ြး ဖစ်ပါ တယ်.. CCNA လေ့လာနေတဲ့  သူတွေကို အထောက်အပံ တစ်ခု ဖြစ်စေမှာ အမှန်ပါပဲ။
Download Link
http://pc.cd/7adrtalK
Download Link
http://adf.ly/1fnI8F
Web Server Installation and PHP Application install on Windows Server 2008 R2 or Windows 7
Microsoft Web Server ပေါ်မှာ PHP application တွေ run ပြီး သုံးလို့ ရအောင် ရေးပေးထားတဲ့ pdfလေးပါ ပြုလုပ်တာက တော့ ကျွန်တော် ကိုယ်တိုင်ပဲဖြစ်ပါတယ်...မပြည့်စုံမူတွေ များနေတာကို သိပါတယ်...သိစေချင်တာလေးပဲရှိပါတယ်..။
ကျေးဇူးတင်ပါတယ်..။
Download Link
http://pc.cd/xGdrtalK
VCP6-DCV Study Guide
VMware 6.0 Data Center Virtualization အတွက် Unofficial Guide စာအုပ်လေးပါ။
Download Link
http://pc.cd/l3drtalK
ကျေးဇူးတင်လွှာ
တကယ်တော့ ဟုတ်ပါတယ်...
ကျွန်တော် တို့ က အဲဒီလောက် တက်နိုင်တဲ့ အထဲမပါဘူးလေ..
တစ်ချို့ နည်းပညာ စာအုပ်တွေ ဈေးကြီးတယ်
တစ်ချို့ ဝယ်နိုင်ရဲ့ သားတောင် ပေးဝယ်လို့ မရတဲ့ အခြေအနေ
တစ်ပါးသူရဲ့ ..ပညာကို လေးစားပါတယ်..ဒါပေမဲ့ ..။
နောက်ဆုံးပန်းတိုင်လို့ ၊..ကိုယ့်အသိပညာကို Sharing လုပ်တယ်လို့ 
သဘောထားပေးကြပါတယ်... ကျွန်တော်တို့ တက်နိုင်လာတဲ့ တစ်နေ့ 
ဝယ်လို့ အဆင်ပြေ လာနိုင်မဲ့ တစ်နေ့ ကျွန်တော် တို့ ..Official သုံးပါ့မယ်...။
ကျွန်တော် ကြားဖူးတဲ့ ...ကျော်ကြားတဲ့ လူတစ်ယောက်ဆိုရင်
သူ့ ဘ၀မှာ သူ့ ဖတ်ခဲ့ တဲ့ ..စာအုပ် တော်တော်များများက
ခိုးယူလာတဲ့ ..စာအုပ်တွေ များပါတယ်...တဲ့ ။
ကျွန်တော် ကူးယူခဲ့ သမျှစာအုပ် ရေးတဲ့ သူနဲ့  ထုတ်ဝေသူ တွေကို ကျေးဇူးတင်လျှက်ပါ။
ကိုကောင်းသူ @ ဖြိုးဝေလင်း
CCNA Interactive Video နှင့်ပတ်သက်၍ Part II
သင်ခန်းစာနှင့်ပတ်သက်၍ Ko Thant Zin Soe က စာအုပ် နှင့် lab များကို ရေးသားထားခြင်းကို Share လုပ်ပေးခြင်းမျှသာဖြစ်ပါသည်။
Study Guide Download Link
https://db.tt/dnnM8l87
Packet tracer Labs in Training 
Download Link
https://db.tt/kYnROUNd
RHC Technologies
https://www.youtube.com/user/RHCTechnologies
Created by RHC Technologies
ဆရာ ကိုစိုင်းလင်းသူ ဖန်တီးထားတဲ့ Video file များ ကို သွားရောက်လေ့လာနိုင်ရင် Youtube linke ကို Share ပေးထားခြင်းဖြစ်ပါသည်။
CCNA Interactive Video (Myanmar Version)
https://www.youtube.com/playlist?list=PLuhIUjK0hilJ8WtK5HJHNxRcP5VK9QWnv created by Ko Thant Zin Soe
CCNP Route Version 2 Official Guide
 CCNP Official Cert Guide
Download Link
http://pc.cd/jUdrtalK
gns3vault.com ၀ယ်ရသော စာအုပ်ဖြစ်ပါတယ်။
http://pc.cd/3NdrtalK
CCNP Routing and Switching Portable Command Guide
CCNP version အသစ်အတွက် Portable Command Guide ဖြစ်ပါတယ်။
Download Link
http://pc.cd/oqdrtalK
Vmware Certified Associate -Data Virtualization
Vmware Data virtualization ကို အစကနေ လေ့လာချင်တဲ့ သူငယ်ချင်းတွေ အတွက် ဒီစာအုပ်လေး Share လိုက်ပါတယ်။
http://pc.cd/COdrtalK
Thursday, November 12, 2015
Wireless Network Watcher
Wireless Network Watcher software လေးပါ Network IP Scanner လို အသုံးပြုနိုင်ပါတယ်
Download Link
http://pc.cd/xtdrtalk
Ebooks နှင့် ပတ်သက်၍
Zabbox Network Monitoring Essentials
Zabbix ဆိုတာ Enterprise level တွေ မှာ သုံးတဲ့  Monitoring Platform တစ်ခုပါ။ Zabbix အတွက် လေ့လာဖို့ ကောင်း တဲ့ Essentials စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အောက်ပါ Link မှ download ရယူနိုင်ပါတယ်။
http://pc.cd/b6drtalK