Tuesday, January 19, 2016
Hyper-V အပိုင်း-၂
Hyper-V implementation
Hyper-V role ကို Windows Server 2012 ရဲ့ Standard and Datacenter Edition တွေမှာ ပါတာပါ။ Server OS မှာ တစ်ခြား Software ထပ်သွင်းစရာမလိုပဲ Hyper-V role ကိုပဲ ထည့်လိုက်ခြင်းဖြင့်အသုံးပြုလိုရပါတယ်။ Hyper-V မှာ လက်ရှိ windows workstation OS တွေသာမက တစ်ခု Microsoft မဟုတ်တဲ့ Products တွေကိုပါ Install လုပ်လို့ ရတယ်။
Hyper-V Licensing
Server 2012 standard နဲ့ Datacenter edition တို့ မှာ အဓိက ကွာခြားချက်မှာ VM ဘယ်လောက်ကို support လုပ်လဲပေါ်မှာမူတည်တာပဲ ဖြစ်တယ်။ Datacenter edition ကို ၀ယ်ယူအသုံးပြုမယ်ဆိုရင်တော့ အကန့် အသတ်မရှိ windows server 2012 VMs တွေကို Physical Machine တစ်ခုပေါ်မှာ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ Standard edition ကိုဝယ်ယူမယ်ဆိုရင်တော့ windows server 2012 VMs ကို နှစ်ခုပဲအသုံးပြုလို့ ရမှာဖြစ်ပါတယ်။
Hyper-V hardware limitations
Windows Server 2012 hyper-v host ဟာ  320 logical processors create လုပ်နိုင်ပြီး 2048 virtual CPS နဲ့  physical memory မှာ  4TB ထိယူသုံးရပါတယ်။
Server တစ်လုံးဟာ 1024 active ဖြစ်နေတဲ့ VMs နဲ့ single VM ကို 64 virtual CPUs နဲ့  1TB memory ထိ တိုးသုံးလို့ ရပါတယ်။
ပြီးတော့ Hyper-V ဟာ clusters ကို 64 nodes နဲ့  8000VMs တွေကိုလဲ support လုပ်နိုင်ပါတယ်။
ဆက်ပါဦးမည်။  
From: Installing and configuring Windows Server 2012, Craig Zacker
HyperV အပိုင်း-၁
Virtualization architectures
Virtualization ကို Microsoft အနေ နဲ့  အရင်တုန်းက Products တွေအနေနဲ့  Microsoft Windows Virtual PC နဲ့ Microsoft Virtual Server တွေကို ထုတ်ခဲ့ ပါတယ်။အဲဒီ Product  တွေအသုံးပြုမယ်ဆိုရင်လဲပဲ Computer တစ်ခု ပေါ် မှာ သွင်းပြီး အသုံးပြုရပါတယ်။အဲဒီနောက်မှတော့ virtualization Product တစ်ခုအနေ နဲ့ Host OS ပေါ်မှာ Hypervisor component ကို ထည့်ခဲ့ပါတယ်။ Hypervisor ကို အဲဒီ Host OS မှာ တင်ပြီးအသုံးပြုရပါတယ်။
အထက်ပါပုံမှာ ကျွန်တော် Computer Hardware ပေါ်မှာ Host Operating System (Windows Server 2012)တင်ထားပါတယ်။ပြီးရင် အဲဒီ Host Operating System ပေါ်မှာ Hypervisor ကို run ထားပြီး Virtual Machine တွေ ကို create လုပ်ရပါတယ်။ပြီးတော့ အဲဒီ VMတွေထဲမှာ Operating System လို့ ခေါ်တဲ့ OS တွေ ကိုတင်ထားပုံလေးပါ။ အဲဒီပေါ်မှာ run ထားတဲ့ Hypervisor က Type II Virtualization ဖြစ်ပါတယ်။
­­
Virtualization Hyper V ဟာ Windows Server 2012 မှာ build in အနေနဲ့ ပါလာတယ်။ Hyper V မှာ Architecture နှစ်ခု ကို သုံးပါတယ်။
၁) Type 1 Virtualization
၂) Type 2 Virtualization­­
Hyperv ဟာ Type 1 Virtualization ကိုအသုံးပြုပါတယ်။Type 1 ဟာHost OS ကို ဖြတ်ပြီး System ကို  တိုက်ရိုက် အသုံးပြုပါတယ်။
 ဆက်ပါဦးမည်။
From: Installing and configuring Windows Server 2012, Craig Zacker
Monday, January 18, 2016
What is Project?
A Project is 'an undertaking that has a beginning and an end is carried out to meet established goals within cost, schedule and quality objectives'.
(Haynes, Project Management)
Friday, January 8, 2016
IPv6 - 1
IPv6 နဲ့ တွဲဖက် အလုပ်နိုင်တဲ့ Routing Protocol တွေက
၁) Static Routing
၂) RIPng
၃) OSPFv3
၎) MP-BGP4
၅) EIGRP
Static Routing မှာ တော့ IPv4 လိုပဲ IPv6 ကိုသုံးလို့ ရပါတယ်။
RIP မှာတော့ IPv6 အတွက် upgrade လုပ်ပြီး RIPng or RIP Next Generation လို့ ခေါ်ပါတယ်။
OSPF မှာရောပဲ IPv6 အတွက်OSPFv3 ဆိုပြီး Version 2 ကနေ Version 3 ကိုမြင့်ပေးထားပါတယ်။ OSPFv3 မှာ IPv6 တစ်ခုတည်းသာသုံးလို့ ရပါတယ်။
BGP မှာတော့ IPv6 အတွက် MP-BGP4 (Multi-Protocol BGP) ပါ IPv6 ကို သုံးလို့ ရပါတယ်။
EIGRP မှာတော့ IPv6 ကို အသုံးပြုလို့ ရပါတယ်။
IPv4 ရော IPv6 ကို တစ်ချိန်တည်းအသုံးပြုတဲ့ ကိုတော့ Dual Stack လို့ ခေါ်ပါတယ်။