Monday, January 2, 2017

Service ဆိုသော အရာ


SERVICE ဆိုသော.....

မနေ့ က ဆရာဇင် ပြောပြလိုက်တဲ့ SERVICE ဆိုတဲ့ အဓိပ္ပါယ်လေးနဲ့ ..အသုံးပြုပုံလေးကို Sharing လုပ်ပေးချင်ပါတယ်။ လက်တွေ့ ရှင်သန်နေထိုင်နေတဲ့ ဘ၀တွေမှာရော....၊လုပ်ငန်းခွင်၊ မိသားစု ၊ သူငယ်ချင်း မိတ်တွေ အပေါင်းအသင်းတွေကြား ကျင့်သုံးသင့်တဲ့ ...အရာလေးပဲဖြစ်ပါတယ်။ အဲဒီ အင်္ဂလိပ်အက္ခရာ ၇လုံးမှာ သူ့ အဓိပ္ပါယ်လေးတွေ ကိုယ်စီရှိပါတယ်။
S = Smile Ever
E = Eye Contact
R = Respect to All
V = Value to Guest
I = Interest Showing
C = Creative Service
E = End with "Thanks"


အဲဒီ မှာ S ဆိုတဲ့ Smile Ever ကို စပြီး ပြောပြချင်ပါတယ်။ လူတိုင်းဟာ အပြုံးကို မည်သူမဆိုနှစ်သက်တာ အမှန်ပါပဲ။ လုပ်ငန်းခွင်မှာ ပဲဖြစ်စေ..။ လူမူ့ ပတ်ဝန်းကျင်မှာပဲဖြစ်စေ... ပြုံးနေတဲ့ သူ ကို တစ်ခြားသူများထက်စာရင် ပိုပြီးနှစ်လိုဖွယ်ရာ ဖြစ်တတ်ပါတယ်။ တစ်ချိန်လုံး ပြုံးနေတာတော့ မဆိုလိုဘူးနော်။ ဒါဆိုရင်တော့ တစ်ခုခု ချို့ ယွင်းနေပြီ လို့ ထင်စရာပါ။ ခုမှ စတွေ့ တဲ့ နေရာ။ စကားပြောတဲ့ အခါ၊ မိတ်ဆက်တဲ့ အခါ၊ လုပ်ငန်းခွင်အရ ပြောရရင် မိမိလူကြီးနဲ့ ဆက်ဆံတဲ့ အခါ၊ Marketing ဆင်းတဲ့ အခါ ၊ လက်အောက် ကိုယ့်ဝန်ထမ်းနဲ့ ဆက်ဆံတဲ့ နေရာတိုင်းမှာ ပဲ အဲဒီ S လေးကို ထည့်သုံးသင့်ပါတယ်။ ဒါမှသာ ကိုယ့်က သူတစ်ပါးအပေါ်မှာ အပြုံးနဲ့ ဆက်ဆံတဲ့ အခါ ကိုယ်ကိုယ်တိုင် အပြုံးကို အပြန်အလှန် ရရှိမှာဖြစ်ပြီး.။ မိမိ အကျိုးစီးပွား အောင်မြင်ရန်အတွက် ပထမဦးဆုံး ခြေလှမ်းလို့ ဆိုစရာပါပဲ။ ဒါပေမဲ့ ..အဲဒီအပြုံးကို နေရာတကာတော့ ထည့်မသုံးသင့်ဘူး.ပေါ့။ ဘာလို့ လဲဆိုတော့ သူတစ်ပါး ရဲ့ အရိပ်အခြေကိုကြည့်ပြီးသုံးသင့်တာပါ။ ကျွန်တော်တို့  အပြင် Private နဲ့ Goverment တွေ့ ရဲ့ အဓိက ကွာခြားချက်ဟာ အဲဒီ Service တွေပါပဲ။

နောက် တစ်ခုဖြစ်တဲ့ E ဆိုတဲ့ Eye contact ပါ။ သူကတော့ မိမိ သူတစ်ပါး၊ မိတ်ဆွေ၊ မိသားစုနဲ့ လုပ်ငန်းခွင်မှာပဲဖြစ်စေ...တစ်ခြားသူနဲ့ စကားပြောဆက်ဆံတဲ့ နေရာမှာ သူ့ ကတော့့ပြောချင်ရာပြော ..ငါလဲစိတ်ဝင်စားတဲ့ ဆက်လုပ်နေမယ်...သူပြောတာနဲ့ မျက်နှာခြင်းမဆိုင်ဘဲ...ဖုန်းကိုပွတ်နေမယ်..။ဒါမှ မဟုတ် တစ်ခြားကို ကြည့်နေမယ်ဆိုရင် ဒါဟာ လူကျင့်ဝတ် အရ ရိုင်းနေပါ့လိမ့်မယ်...အဲဒီအတွက် ကိုယ်နဲ့ စကားပြောတဲ့ သူ ၊ ဒါမှ မဟုတ်ပြောဆို ဆက်ဆံရတဲ့ မိမိရဲ့ customer ပဲဖြစ်စေ ပြောနေတဲ့ သူရဲ့ မျက်ဝန်းကို ဂရုစိုက်ပေးခြင်းအားဖြင့် မိမိနဲ့ သူ Eye contact ယူခြင်း တစ်မျိုးပင်ဖြစ်ပါတယ်။ ဒါဟာလဲ အောင်မြင်သူတို့ ကျင့်ဝတ်ထဲက တစ်ခုပဲဖြစ်ပါတယ်၊ ဥပမာဆိုရသော် ကျွန်တော်တို့ ရဲ့ နိုင်ငံတော် အတိုင်ပင်ခံ အမေဒေါ်အောင်ဆန်းစုကြည်ကို ကြည့်မယ်ဆိုရင် Local မှာပဲဖြစ်စေ. နိုင်ငံတကာမှာပဲဖြစ်စေ။ သူ နဲ့ စကားပြောတဲ့ လူတိုင်းကို Eye contact ထားလျှက်စိတ်ဝင်တစား နားထောင် စကားပြောလေ့ရှိပါတယ်။ ကျွန်တော်တို့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ဆိုလဲ ထိုနည်း၎င်းပင်ဖြစ်သည်။

R ဆိုတဲ့ Respect to All အဓိပ္ပါယ်လေးကတော့ တစ်ပါးသူကို မိမိနဲ့ ပြောဆို ဆက်ဆံတဲ့ နေရာ မှာ ရာထူးဌာန မခွဲခြားပဲ တလေးတစား ဆက်ံပြောဆိုခြင်းပါပဲ။။သူက တော့ ငါနဲ့ ရာထူးမတူလို့ ..ငယ်လို့ စသည့်အားဖြင့်မခွဲခြားပဲ တန်းတူရည်တူ ပြောဆိုဆက်ဆံခြင်းပါပဲ။

V = Value to Guest
မိမိရဲ့  ပတ်ဝန်းကျင်၊ မိသားစု ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရာတွင်လဲ တန်ဖိုးတစ်ခုတော့ အမြဲထားသင့်ပါတယ်။ သူ က တော့ ဒီလောက်ပဲ ငါ့ဆီက ၀ယ်ပြီး.၊ သူကတော့ တော်တော်အားပေးတယ်ဟ ဆိုပြီး မိမိ ရဲ့ customer တွေအပေါ်မှာလဲ ခွဲခြားဆက်ဆံတာထက် .တန်ဖိုးတစ်ခုထားပြီးပြောဆိုဆက်ဆံရပါတယ်။

I = Interest Showing

စိတ်ဝင်စားမူပြခြင်း က ဘယ်လိုလဲဆိုတော့ စကားပြောဆိုရာတွင် လက်ခံတွေ့ ဆုံရာတွင် ၊ တစ်ပါးသူအပေါ်မှာ စိတ်ဝင်စားမူပြခြင်းပါပဲ။ ဒါကလဲ သူ့ အပေါ်မှာ ကိုယ့်က စိတ်ဝင်တစားပြောဆိုဆက်ဆံခြင်းပါပဲ။ လူမူ့ ဆက်ဆံရေးနယ်ပယ်မှာလဲ အဲဒီအချက်ကလေးက တော်တော်လေးအရေးပါပါတယ်။ တစ်လောက ကျွန်တော် ကိုယ်တွေ့ ဖြစ်ရပ်ကလေးပြောပြခြင်းပါတယ်။ ဘာလဲဆိုတော့ ကျွန်တော် မိတ္တူ ဆိုင်တစ်ဆိုင်မှာ စာအုပ်ချုပ်ဖို့ သွားတာပါ။ ဆိုင်ထဲဝင်လိုက်ပြီဆိုကတည်း ဘယ်သူ့ ကိုပြောရမလဲမသိ။ အဲဒီ မှာ ဆိုင်ဝန်ထမ်းလို့ ထင်ရတဲ့ မိန်းကလေးတစ်ယောက်က စာအုပ်တစ်ခု ကို ချုပ်နေရင်း လှမ်းအော်ပြောပါတယ်။ ဘာကိစ္စလဲမသိဘူး..တဲ့ ပြောတော့ ကျွန်တော်ကို လဲကြည့်ပြောနေတာမဟုတ်၊ သူ့ အလုပ်သူ့ ဘာသာလုပ်နေရင်းပြောချင်း ဖြစ်ပါတယ်။ ကျွန်တော်လဲ စိတ်သိမရှည် တာနဲ့ ၊ ရတယ်ရတယ် စာအုပ်ချု ပ်မလို့ ပါပေါ့။ ဒါပေမဲ့ ခု မချုပ်သေးဘူး၊ နောက်မှ ပဲ လာချုပ်တော့မယ်ပြောပြီး ပြန်ထွက်ခဲ့ တယ်။ နောက်ပိုင်း အဲဒီ ဆိုင်ကို ကျွန်တော် ဘယ်တော့မှ မသွားတော့ဘူး...။

C = Creative Service

ဝန်ဆောင်မူ သို့ Service တစ်ခုကို ဖန်တီးခြင်း ။ ဒါကတော့ ဥပမာ ကျွန်တော် တို့ ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်ဆိုပါတော့ ကျွန်တော်တို့ ဆိုင်မှာ အမြဲ ၀ယ်နေတဲ့ Customer ၊ ဒါမှ မဟုတ် တစ်ခါ တစ်ရံမှ ၀ယ်တဲ့ customer ဆိုပြီး၇ှိတယ်ဆိုပါစို့ ၊ အဲဒီ သူ တို့ အပေါ်မှာ တွေ မှာ ထားတဲ့ ဝန်ဆောင်မူတွေကတော့ တူမှာ မဟုတ်ဘူးလို့ ပြောစရာမလိုဘူးလို့ ထင်ပါတယ်။ အဲဒီမှာ သူမတူတဲ့ Service လေးတစ်ခုဆီကို ဖန်တီးထားပြီး ပြောဆိုဆက်ဆံရခြင်းပဲဖြစ်ပါတယ်။

E = End with " Thanks"

ကဲ လူတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးကိုလဲ လူတိုင်းနှစ်သက်ကြမှာ အမှန်ပါပဲ။ ဆိုက်ကားနင်း တဲ့ ဆိုက်ကားဆရာက အစ ကျေးဇူးပါပဲ ဆိုတဲ့ စကားလုံးကို ပြောချင်းအားဖြင့် ကိုယ့်အပေါ်မှာ ထားတဲ့ ဝန်ဆောင်မူကတော့ ပြောင်းသွားမှာ အမှန်ပါပဲ။ နိုင်ငံတိုင်း လူသားတိုင်း Thanks လို့ ပြောချင်း သည်ပင် မိမိလုပ်ငန်းစီးပွားအောင်မြင်ရန် လမ်းစပင်ဖြစ်ပါသည်။ သို့ ပေမဲ့ စိတ်ထဲက လှိုက်လှိုက်ပြောမှသာလျှင် ပို၍ ထိရောက်ပါမည်။

အထက်ပါ ပြန်လည်ရေးသားရခြင်းမှာ ကျွန်တော့် တို့ ဆရာ ဆရာဇင်ရဲ့ သင်ပြပြသမူ အပြင် ကျွန်တော် နားလည်ရရှိသလို ရေးသားထားခြင်း ကြောင့် တစ်ခြား အမှားတစုံတရာ ရှိသော် ကျွန်တာ် မှာသာတာဝန် အပြည့်ရှိပါမည်။ ဖတ်ရူရခြင်းကြောင့် တန်ဖိုးရှိသော အတွေး တစ်စုံတစ်ခု ရခဲ့ လျှင် အလွန်ဝမ်းမြောက်မိမှာ အမှန် ပင်ဖြစ်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါသည်။