Sunday, November 5, 2017

Microsoft Certified Solutions Associate (MCSA) Server 2012 ကို ဘယ်လို လေ့လာသင့်သလဲ…။



Microsoft Certified Solutions Associate (MCSA) Server 2012 ကို ဘယ်လို လေ့လာသင့်သလဲ…။

Microsoft Certifications တွေထဲမှာ နာမည်ကြီးပြီး အလုပ်အကိုင် အခွင့်အလမ်းများတဲ့ Certificate တစ်ခု ဖြစ်တဲ့ MCSA ကို ဘယ်လို လေ့လာရမလဲ ပြောပြချင်ပါတယ်။
Microsoft Server ပိုင်းကို စိတ်ဝင်စားပြီး Server System Engineering လုပ်ချင်တဲ့ ညီအကိုမောင်နမတွေအနေနဲ့ MCSA ဆိုတာ ယူထားသင့်တဲ့ Certificate တစ်ခု ဖြစ်ပါတယ်။ Microsoft Server နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုမည်ဆိုရင်လဲ ဒီ Certificate က မိမိကို လုပ်ငန်းခွင်မှာ ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေစေရန် ကူညီပေးမှာပါ။
နိုင်ငံတကာ Exam နဲ့ Certification တွေကလဲ ကိုယ်ရဲ့ Carrer ကို အထောက်အပံ တော်တော်လေးဖြစ်စေနိုင်ပါတယ်။ တစ်ခု တော့ ၇ှိတာပေါ့. ကိုယ်က Paper Certified ဆိုတာ ထက် Professional တစ်ရောက် ဖြစ်အောင် တော့ ကြိုးစားထားသင့်တယ်။
IT နဲ့ ပတ်သတ်တဲ့ ဘွဲ့ တစ်ခု မရှိထားသည့်တိုင်အောင် IT Certification တွေ က ကိုယ့် ကို လုပ်ငန်းခွင်မှာ အထောက်အပံ ဖြစ်စေနိုင်ပါတယ်။
MCSA Certificate ရရှိဖို့ ဆိုရင် စာမေးပွဲ အားဖြင့် သုံးဘာသာကို ဖြေဆိုအောင်မြင်ရမှာ ဖြစ်ပါတယ်.။
70-410
70-411
70-412
တွေပဲ ဖြစ်ပါတယ်။ အဲဒီသုံးဘာသာကို လေ့လာပြီးမြောက်မှသာ Microsoft Server ပိုင်းကို လုပ်ငန်းခွင်မှာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ပထမဦးဆုံး တစ်ဘာသာဖြေဆိုယုံနဲ့ MCP လို ခေါ်တဲ့ Microsoft Certified Professional လက်မှတ်ကို ရရှိနိုင်ပါတယ်။
အကြံပြုချင်တာ က 70-410 ဘာသာကို အရင်ဖြေဆိုသင့်ပါတယ်။ အဲဒီဘာသာမှာ ပါတဲ့ အကြောင်းအရာတွေကတော့
Install and configure servers
Configure server roles and features
Configure Hyper-V
Deploy and configure core network services
Install and administer Active Directory
Create and manage Group Policy
တို့ ပဲ ဖြစ်ပါတယ်။ Windows Server ပိုင်းကို စပြီးလေ့လာတဲ့ သူတွေ အတွက် အခြခံသဘောမျိုး နဲ့ အကြောင်းအရာတွေ ကို ထည့်ထားပါတယ်။ ပြီးတော့ Microsoft Technologies တွေမှာ နာမည်အကြီးဆုံးနဲ့  စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်တဲ့ Active Directory Domain Services အကြောင်းကို လဲ လေ့လာရမှာ ဖြစ်ပါတယ်။
အဲဒီဘာသာကို လေ့လာဖို့ ဆိုရင် အကြေံပေးချင်တာက အောက် ပါစာအုပ်တစ်ချို့ ကို ဖတ်နိုင်သလို Microsoft Online Virtual Academy မှာ လဲ register လုပ်ပြီးလေ့လာနိုင်ပါတယ်။
စာအုပ်တွေကတော့
Installing and Configuring Windows Server 2012 R2 Exam Ref 70-410
Installing and Configuring Windows Server 2012 R2 70-410 (Official Academic Course)
တို့ ကို ဖတ်ရူလေ့လာနိုင်ပါတယ်။ Microsoft Official Course book တစ်ခုဖြစ်တဲ့ 70-410 စာအုပ်ကို အရင်ဖတ်သင့်ပါတယ်။ ပြီးမှသာ Exam reference စာအုပ်ကို ဖတ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမစာအုပ်ကို ဖတ်တာ က Server အကြောင်းနဲ့ Labs ကို ရှင်းလင်းစာရေးသားထားလို့ ပဲဖြစ်ပါတယ်။ Exam reference အတွက် စာမေးပွဲဖြေဖို့ အတွက် ဆက်ဖတ်သင့်ပါတယ်။
စာအုပ်တွေက http://www.microsoftpressstore.com/  ၀ယ်ယူနိုင်သလို တစ်ချို့ Sites တွေမှာ ရှာပြီး ဖတ်လို့ ရပါတယ်။
တစ်ခု ရှိတာ က  Microsoft Server ကို Labs လုပ်ဖို့ Virtual home lab ကို ပြုလုပ်ထားသင့်ပါတယ်။ အဲဒီLabs အတွက် ဆိုရင် ကိုယ့်ရဲ့ computer အတွက် လိုအပ်ချက်ကတော့ CPU က VT ကို Support လုပ်ဖို့ လို ပါတယ်။ Support လုပ်လား မလုပ်ဘူးလားဆိုတာက computer ရဲ့ BIOS ထဲမှာ ၀င်စစ်နိုင်သလို Online မှာ ကိုယ့် Computer ရဲ့ specification manual ကို ဖတ်ပြီးလဲ စစ်လို့ ရပါတယ်။ Memory အနေနဲ့ ဆိုရင် 8GB ရှိရင်တော့ ပို အဆင်ပြေပြီး Labs လုပ်ရတာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ 4GB နဲ့ လဲ ရပါတယ်.။ ဒါပေမဲ့ Full Labs လုပ်ရင်တော့ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။
တကယ်လို့ အချိန်ရရင်တော့ Video Trainings တွေ လေ့လာရင်လဲ ပိုကောင်းပါတယ်။
မြန်မာလို Training Labs လေးတွေတော့ ကျွန်တော့် Youtube channel နဲ့ Blog မှာ ၀င်ရောင်လေ့လာနိုင်ပါတယ်။

တစ်ကယ်လို့ စာအုပ်တွေနဲ့ .Labs တစ်ချို့ ကို လေ့လာပြင်ဆင်ပြီးရင်တော့ မေးခွန်းဟောင်းတွေကို လေ့လာသင့်ပါတယ်။ စာအုပ်တွေထဲမှာ မေးခွန်းဟောင်း တွေ ပါပါတယ်။ online တွေက နေလဲ အစမ်းဖြေကြည့်လို့ ရပါတယ်။
အဲဒါတွေ ပြင်ဆင်ပြီးရင်တော့ Pearson အသိအမှတ်ပြု ဖွင့်ထားတဲ့ Exam center တွေမှာ ဖြေဆို ရပါတယ်။ Center ကြေးကတော့ ၂၀၀၀၀ကျပ်လောက်ကနေ ၃၀၀၀၀ ၀န်းကျင်လောက်ထိ၇ှိတက်ပါတယ်။
Exam Center တွေကတော့ အောက်ပါ Center တွေမှာ အဖြေများပါတယ်။
KMD Exam Center
Globalnet Exam Center
Link 2 Link Exam Center
စာမေးပွဲကြေးအနေနဲ့ ကတော့ဘာသာရပ်တိုင်းအတွက် ဆို Country အလိုက်ပေးရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ဖြေမယ်ဆိုရင်တော့ $80 သာ ပေးသွင်းရပါတယ်။ မိမိဘာသာ Pearson Site မှာ ကြိုပြီး Schedule လုပ်လို့ ရသလို Exam Center ကနေ ပေးသွင်းလို့ ရပါတယ်။
70-411 exam မှာက
Deploy, manage, and maintain servers
Configure File and Print Services
Configure network services and access
Configure a Network Policy Server (NPS) infrastructure
Configure and manage Active Directory
Configure and manage Group Policy တွေကို လေ့လာရမှာဖြစ်ပါတယ်။
70-412 မှာက
Configure and manage high availability
Configure file and storage solutions
Implement business continuity and disaster recovery
Configure Network Services
Configure the Active Directory infrastructure
Configure Identity and Access Solutions တွေကို လေ့လာဖြေဆိုရမှာဖြစ်ပါတယ်။
Exam Pass ဖြစ်ဖို့ အမှတ်ကတော့ 700 ကျော်လောက်ရမှာ ဖြစ်ပြီး မေးခွန်းအနေနဲ့ ကတော့ ၅၀ ၀န်းကျင်လောက်ကို ဖြေဆိုချိန် ၂ နာရီကျော်လောက်ပေးထားပါတယ်။
411 နဲ့ 412 ဆိုရင်လဲ
Administering Windows Server 2012 Exam Ref 70-410
Administering Windows Server 2012 70-410 (Official Academic Course)
Configuring Advanced Windows Server 2012 ServicesExam Ref 70-410
Configuring Advanced Windows Server 2012 Services 70-410 (Official Academic Course)

တို့ ကို ဖတ်ရူလေ့လာသင့်ပါတယ်။ အကောင်းဆုံးကတော့ စာအုပ်တွေကို လေ့လာသင့်သလို ပြင်ပ Server သက်ဆိုင်တဲ့ ဗဟုသုတတွေကိုလဲ Online သို့ လက်တွေ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အသိမိတ်ဆွေတွေ ကနေလဲ့ လေ့လာသင့်ပါတယ်။
ကျွန်တော့် ကိုလဲ Microsoft Server Certification တွေနဲ့ မသိရင် online ကနေ မေးမြန်းနိုင်သလို။ Labs လုပ်ရာမှာ အဆင်မပြေရင် အကြံညဏ်တောင်းနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Ko Kaung Thu @ Ko Phyo Wai Lin (MCT)