Showing posts with label Basic Networking. Show all posts
Showing posts with label Basic Networking. Show all posts

Sunday, October 30, 2016

The Top 20 Free Network Monitoring and Analysis Tools for Sys Admins

Network Engineer တွေ၊ System Admin၊ NOC နဲ့ network/system လေ့လာလိုက်စားသူတို့ အဖို့  အောက် Free Network Monitoring Tools တွေ ကို သိထားသင့် လေ့လာထားသင့်ပါတယ်။

1. Microsoft Network Monitor
2. Nagios
3. OpenNMS
4. Advanced IP Scanner
5. Capsa Free
6. Fiddler
7. NetworkMiner
8. Pandora FMS
9. Zenoss Core
10. PRTG Network Monitor Freeware
11. The Dude
12 Splunk
13. Angry IP Scanner
14 Icinga 2
15. Total Network Monitor
16. NetXMS
17. Xymon
18. WirelessNetView
19. Xirrus Wi-Fi Inspector
20. WireShark

From
http://www.gfi.com/blog/the-top-20-free-network-monitoring-and-analysis-tools-for-sys-admins/


Friday, June 24, 2016

Baisc Networking for CCNA

CCNA ကိုမလေ့လာခင် Basic Networking ကို အရင်လေ့လာရပါတယ်။ CCNA study guide တိုင်းမှာလဲ ပထမဆုံး chapter တိုင်းမှာ Basic Networking ဆိုပြီး ပါတယ်။ ဒါကြောင့် How to master of CCNA စာအုပ် ၇ဲ့ ပထမဆုံး chapter လေကို note ထုတ်ပြီး video training လုပ်ထားတာပါ။ လေ့လာကြည့်ပါ။

Video Download Link
http://pc.cd/vIdctalK

Slide Download Link
http://pc.cd/HadctalK

Cisco Packet Tracer 7 software download


Cisco Packet Tracer 7 ထွက်လာပါပြီ အောက်ပါ site တွင် လဲဝင်ရောက် download ရယူနိုင်သလို ၊ ကျွန်တော့် pcloud မှာ တင်ထားတဲ့ File ကို အလွယ်တကူလဲ download ရယူနိုင်ပါတယ်။ ကျွန်တော် တင်ထားတာကတော့ windows 32/64 bit တွေ အတွက်ပါ ကျန်တဲ့ linux အတွက် တော့ site မှာ download ရယူလိုက်ပါ။ installationလုပ်ပြီးပါက https://www.netacad.com site တွင် အကောင့်တစ်ခု create လုပ်ပါ ပြီးရင် Packet Tracer 7ကို ဖွင့်ပြီး အကောင့်ကို login ၀င်ပြီးမှ သုံးလို့ ရမည်ဖြစ်ပါသည်။

http://whilenetworking.com/category/cisco-packet-tracer-7/

(or)

[

Download Link
http://adf.ly/1fnLfE


ကျေးဇူးတင်ပါတယ်။

Wednesday, December 30, 2015

Basic Networking-I



CCNA ကိုလေ့လာရာတွင် သိသင့်သော Networking အခြေခံလေးများကို How to Master CCNA စာအုပ် ကို ဘာသာပြန် ၍သောလည်းကောင်း၊ မိမိသိသော အကြောင်းအရာကလေးများနဲ့ တင်ပြပေးပါမယ်။

Networking အခြေခံမှာ သိသင့်တာလေးတစ်ခုက
Network topology လေးနှစ်ခုကို သိထားသင့်ပါတယ်။ ဒါတွေက တော့
·         Physical Topology
·         Logical Topology

Physical Topology ဆိုတာက Network Device တွေ Network Cable ကို အမြင်အားဖြင့် ဘယ်လိုတပ်ဆင်ထားလဲဆိုတဲ့ အပေါ်မှာ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
Logical Topology ဆိုတာက အဲဒီ Physical Topology ပေါ်မှာ Data တွေ ဘယ်လိုဖြတ်သန်းစီးဆင်းသွားလဲဆိုတာပါပဲ။

Physical Topology အမျိုးအစားများ
Bus Topology


အထက်ပါပုံလေးက Bus Topology ပါ။ ပထမဦးဆုံး ချိတ်ဆက်တဲ့ Network topology တစ်ခုပါပဲ။ Coax-cable ကို အသုံးပြုပြီးချိတ်ဆက်ခြင်းဖြစ်ပါတယ်။အခြေခံအားဖြင့် Network Cable အရှည်တစ်ခုမှာ Network Devices တွေအားလုံးချိတ်ဆက်ထားခြင်း ဖြစ်ပါတယ်။ Network Cable ရဲ့ အစနဲ့ အဆုံးမှာ Terminator လေးတွေ တပ်ထားပါတယ်။ သူအားနည်းချက်ကတော့ Main Network Cable ကြီးတစ်ခုခုဖြစ်သွားဆိုတာနဲ့ Network ကြီးတစ်ခုလုံး အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။

Ring Topology

အထက်ပါ ချိတ်ဆက်ထားပုံလေးက Ring Topology ပါပဲ။ Ring ပုံစုံမျိုး နဲ့ Devices တွေကို ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။သူလည်းပဲ အဓိက Network cable ကြီး down သွားတာနဲ့ Network ကြီး တစ်ခုလုံးလဲ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ Dual ring ကို redundancy အတွက် နောက်ထပ်Cable တစ်ခုနဲ့ Setup လုပ်ထားနိုင်ပါတယ်။ ဒါဆိုရင် ပထမ cable down သွားတာနဲ့ နောက်cable တစ်ခုနဲ့ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။
 

 


Star Topology

ဒါကတော့ ယနေ့ ခေတ်မှာ အသုံးပြုကြ တဲ့ LAN Network Topology တစ်ခုပါပဲ။ Central Network Device( Hub/Switch) တစ်ခုခုကို အလယ်မှာ ထားပြီး ကျန်တဲ့ Device တွေ က ချိတ်ဆက်ကြခြင်းဖြစ်ပါတယ်။ Network media cable အနေနဲ့ ကတော့ UTP (Unshielded Twisted Pair) ကို အသုံးပြုပါတယ်။ ဒီ Topology ကတော့ Central Network Device တစ်ခု down သွားမှပဲ Network ကြီး တစ်ခုလုံး down သွားမှာဖြစ်ပါတယ်။

Full Mask Topology

အထက်မှာပြောခဲ့ တဲ့ Topology သုံးခုက ကျွန်တော်တို့ Local Area Network မှာ သုံးကြတဲ့ ပုံစုံမျိုးတွေ ဖြစ်ပြီး ခုပြောမဲ့ Topology ကတော့ ကုမ္ပဏီ တစ်ခုဟာ တစ်ခြားသောမြို့ တွေမှာ ရှိတဲ့ သူရဲ့ှSites တွေကို  ချိတ်ဆက်တဲ့ ပုံစုံမျိုးပါ။ Router တိုင်းဟာ သူတို့ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ချိတ်ဆက်ထားတဲ့ ပုံစံမျိုးပါ။ Network Link တစ်ခု down သွားတာနဲ့ ကျန်တဲ့ Network တွေကို မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ ခုလိုချိတ်ဆက်ခြင်းဟာ ကျွန်တော် တို့ အတွက် ကုန်ကျစရိတ်ဟာ ပိုဈေးကြီးသွားနိုင်ပါတယ်။ ဘာလို့လဲဆို တော့ sites တွေ Routers တွေကြားမှာ Links နဲ့ Interface တွေ ပိုလိုအပ်လို့ ပဲဖြစ်ပါတယ်။ ဒီ Topology ကို တော့ Full-mesh လို့ခေါ်ပါတယ်။
အထက်ပါ Network Topolgy အပြင် ကျွန်တော့်တို့ ဟာ နောက်ထပ်အလားတူ ကုန်ကျစရိတ်အနည်းငယ်သက်သာစေတဲ့ Partial-Mesh Topology ကို လဲအသုံးပြုနိုင်ပါတယ်။


ဒီ Network Topology ကတော့ ကျွန်တော်တို့ ရဲ့ အရေးကြိးတဲ့ Sites တွေကို ပဲ အဓီက connectလုပ်ထားခြင်းပဲဖြစ်ပါတယ်။

Monday, November 23, 2015

Cisco Aspire Networking Academy Edition


ဒီ Game ရဲ့ Info ကို Facebook မှာ အသိတစ်ယောက် Share ထားတာတွေ့ လို့ google ရှာကြည့်ရင်း  တွေ့ တာ နဲ့ ထင်ပေးလိုက်တာပါ။

Download Link
http://pc.cd/5lErtalK

Monday, November 16, 2015

Juniper Exam ဖြေမည့်သူများအတွက် လေ့ကျင့်နိုင်ရန် Junos image file


Junipe JNCIA exam ဖြေဆိုမည့်သူများအတွက် Lab တွေ စမ်းလို့ ရအောင် ပြုလုပ်ထားတဲ့  junos OS image file ပါ။ virtual box or vmware နဲ့  ပဲဖြစ်ဖြစ် သုံးလို့ ရပါတယ်။ ဘယ်လို ချိတ်ပြီးသုံးရတာကို နောက် post တစ်ခုအနေ နဲ့ တင်ပေးပါ့မယ်။ ဒါမှမဟုတ် googling လုပ်ကြည့်လို့ လဲရပါတယ် GNS3 site မှာ ရေးထားပါတယ်။ ကျွန်တော် JNCIA ဖြေတုန်းကတော့ တော်တော် လေးအထောက်အကူတော်တော်လေးပြုပါတယ်။ နောက်ပိုင်းကျွန်တော်  Juniper lab လေးတွေ လုပ်ပြီးတင်ပေးသွားပါ့မယ်။
ကျေးဇူးတင်ပါတယ်။

Download Link
http://pc.cd/ehtrtalK

Packet Tracer 6.2 simulator for CCNA and CCNP


CCNA နဲ့ CCNP Networking exam ဖြေမဲ့ သူငယ်ချင်းတွေ အတွက် လေ့ကျင့်နိုင်ရန် Packet Tracer 6.2 latest version (Student version) ကို တင်ပေးလိုက်ပါတယ်...။

Download Link
http://pc.cd/WhtrtalK

Friday, November 13, 2015

RHC Technologies

https://www.youtube.com/user/RHCTechnologies

Created by RHC Technologies

ဆရာ ကိုစိုင်းလင်းသူ ဖန်တီးထားတဲ့ Video file များ ကို သွားရောက်လေ့လာနိုင်ရင် Youtube linke ကို Share ပေးထားခြင်းဖြစ်ပါသည်။