Wednesday, June 20, 2018
SCCM VMM 2016 Knowledge Sharing
Hyper-V Server လေးငါးလုံး လောက် System Management လုပ်ရတာ အဆင်ပြေပေမဲ့ ...။ ဒီထက်များတဲ့ Hyper-V Servers တွေ Management လုပ်ဖို့ လိုလာရင်....တော့ System Management တစ်ခုတော့ သုံးဖို့ လိုလာပါပြီ။
- အဲဒီ အတွက် ကွ်ျနတော် တို့ System Center VMM 2016 ကို အသုံးပြုလို့ ရပါတယ်..။
- VMM 2016 က Hyper-V မှာ မပါဝင်တဲ့ အောက်ပါ Features တွေကို ပါ အသုံးပြုလို့ ရပါတယ်..။
1) Focuses on centralizing administration
2) Libraries, templates, and services
3) Live migration
4) High availability clusters managed as one instance
- VMware မှာ အသုံးပြု တဲ့ vCenter လို မျိုးပါ။
- System Center VMM က only Microsoft Virtualization ကို အတွက် အသုံးပြုဖို့ ပါ။
- Azure Cloud နဲ့ လဲ တွဲဖတ်ပြီး အသုံးပြုလို့ ရပါတယ်။
အသေးစိတ်ကို အောက်ပါ Link မှာ သွားရောက်ဖတ်ရူနိုင်ပါတယ်..။
Ko Kaung Thu @ Phyo Wai Lin (MCT,MVP,mmRoute)
Microsoft Azure Cloud Knowledge Sharing (Speaking to Group)
# What is Cloud Computing?
# Microsoft Azure Cloud Introduction
# How to create Microsoft Azure Account?
# How to create Virtual Machine on Azure.
Thanks,
Phyo Wai Lin
3th/March/2018
Azure Cloud and Microsoft Virtualization Knowledge Sharing (Speaking to Group)
# What is Microsoft Cloud?
# What is Microsoft Virtualization and Hyper-V?
# How to use it for Myanmar Industry?
Thanks,
Phyo Wai Lin
17th/June/2018
Azure Cloud Introudction and Labs Knowledge Sharing (Speaking to Groups)
# Azure Cloud Introduction
# Microsoft Virtualization Technologies
# How to create Virtual Machines on Azure.
Thanks,
Phyo Wai Lin
16th/June/2018
Friday, January 26, 2018
Server 2016 ကို Upgrade လုပ်ရာတွင်
Domain User Import from *.csv file
"*.csv file ကို အသုံးပြုပြီး domain user account ကို import လုပ်ခြင်း " CSV Format နဲ့ အလွယ်တကူ Domain Users Account တွေကို PowerShell ကနေ Import လုပ်လို့ ရပါတယ်။ Users 50 လောက်ကို တစ်ယောက်ခြင်း ၇ိုက်ထည့်ရင် အဆင်ပြေနိုင်ပေမဲ့ …ဒီထက် ပို များတဲ့ အကောင်တွေဆိုရင် တစ်ယောက်ခြင်း ရိုက်ထည့်တာထက် စာရင် CSV File တစ်ခုထဲမှာ manual ၇ိုက်ထည့်ပြီး import လုပ်တာ ပို အဆင်ပြေနိုင်ပါတယ်…။ ဒါကြောင့် အလွယ်တကူ ဖြစ်တဲ့ နည်းလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်..။ CSV င်္Files မှာ ဘယ်လို ထည့်၇ိုက်ရမှာလဲ Sample အနေ နဲ့ ပြပေးထားပါတယ်..။ Powershell Command အနေနဲ့ က တော့ import-csv ကို အသုံးပြု နောက်ထပ် Switch လေးတွေကို ပါ အောက်မှာဖော်ပြပေးထားပါတယ်./ import-csv c:\test.csv | new-aduser -enabled $true -accountpassword (converto-securestring passw0rd@123 -asplaintext -force) ပြီးတော့ ပုံလေးမှာ sample csv လေးကို screen shot ထည့်ပေးထားပါတယ်.။အောက်ပါ information လေးတွေကို တစ်ခါတည်း စာရင်း သွင်းထားလို့ ရပါတယ်..။ Name Type Description Modified Business Phone City Company Country/Region Department Display Name E-Mail Address Exchange Alias Exchange Mailbox Store First Name Instant Messaging Home Server Instant Messaging URL Job Title Last Name Office Phonetic Company Name Phonetic Department Phonetic Display Name Phonetic First Name Phonetic Last Name State User Logon Name Zip Code Phyo Wai Lin @ Ko Kaung Thu (MCT,MVP,myanmarRoute) https://www.facebook.com/mmRoute/
Sunday, November 5, 2017
Microsoft Certified Solutions Associate (MCSA) Server 2012 ကို ဘယ်လို လေ့လာသင့်သလဲ…။
Microsoft Certified Solutions Associate (MCSA) Server 2012 ကို ဘယ်လို လေ့လာသင့်သလဲ…။
Microsoft Certifications တွေထဲမှာ နာမည်ကြီးပြီး အလုပ်အကိုင် အခွင့်အလမ်းများတဲ့ Certificate တစ်ခု ဖြစ်တဲ့ MCSA ကို ဘယ်လို လေ့လာရမလဲ ပြောပြချင်ပါတယ်။
Microsoft Server ပိုင်းကို စိတ်ဝင်စားပြီး Server System Engineering လုပ်ချင်တဲ့ ညီအကိုမောင်နမတွေအနေနဲ့ MCSA ဆိုတာ ယူထားသင့်တဲ့ Certificate တစ်ခု ဖြစ်ပါတယ်။ Microsoft Server နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုမည်ဆိုရင်လဲ ဒီ Certificate က မိမိကို လုပ်ငန်းခွင်မှာ ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေစေရန် ကူညီပေးမှာပါ။
နိုင်ငံတကာ Exam နဲ့ Certification တွေကလဲ ကိုယ်ရဲ့ Carrer ကို အထောက်အပံ တော်တော်လေးဖြစ်စေနိုင်ပါတယ်။ တစ်ခု တော့ ၇ှိတာပေါ့. ကိုယ်က Paper Certified ဆိုတာ ထက် Professional တစ်ရောက် ဖြစ်အောင် တော့ ကြိုးစားထားသင့်တယ်။
IT နဲ့ ပတ်သတ်တဲ့ ဘွဲ့ တစ်ခု မရှိထားသည့်တိုင်အောင် IT Certification တွေ က ကိုယ့် ကို လုပ်ငန်းခွင်မှာ အထောက်အပံ ဖြစ်စေနိုင်ပါတယ်။
MCSA Certificate ရရှိဖို့ ဆိုရင် စာမေးပွဲ အားဖြင့် သုံးဘာသာကို ဖြေဆိုအောင်မြင်ရမှာ ဖြစ်ပါတယ်.။
70-410
70-411
70-412
တွေပဲ ဖြစ်ပါတယ်။ အဲဒီသုံးဘာသာကို လေ့လာပြီးမြောက်မှသာ Microsoft Server ပိုင်းကို လုပ်ငန်းခွင်မှာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ပထမဦးဆုံး တစ်ဘာသာဖြေဆိုယုံနဲ့ MCP လို ခေါ်တဲ့ Microsoft Certified Professional လက်မှတ်ကို ရရှိနိုင်ပါတယ်။
အကြံပြုချင်တာ က 70-410 ဘာသာကို အရင်ဖြေဆိုသင့်ပါတယ်။ အဲဒီဘာသာမှာ ပါတဲ့ အကြောင်းအရာတွေကတော့
Install and configure servers
Configure server roles and features
Configure Hyper-V
Deploy and configure core network services
Install and administer Active Directory
Create and manage Group Policy
တို့ ပဲ ဖြစ်ပါတယ်။ Windows Server ပိုင်းကို စပြီးလေ့လာတဲ့ သူတွေ အတွက် အခြခံသဘောမျိုး နဲ့ အကြောင်းအရာတွေ ကို ထည့်ထားပါတယ်။ ပြီးတော့ Microsoft Technologies တွေမှာ နာမည်အကြီးဆုံးနဲ့  စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်တဲ့ Active Directory Domain Services အကြောင်းကို လဲ လေ့လာရမှာ ဖြစ်ပါတယ်။
အဲဒီဘာသာကို လေ့လာဖို့ ဆိုရင် အကြေံပေးချင်တာက အောက် ပါစာအုပ်တစ်ချို့ ကို ဖတ်နိုင်သလို Microsoft Online Virtual Academy မှာ လဲ register လုပ်ပြီးလေ့လာနိုင်ပါတယ်။
စာအုပ်တွေကတော့
Installing and Configuring Windows Server 2012 R2 Exam Ref 70-410
Installing and Configuring Windows Server 2012 R2 70-410 (Official Academic Course)
တို့ ကို ဖတ်ရူလေ့လာနိုင်ပါတယ်။ Microsoft Official Course book တစ်ခုဖြစ်တဲ့ 70-410 စာအုပ်ကို အရင်ဖတ်သင့်ပါတယ်။ ပြီးမှသာ Exam reference စာအုပ်ကို ဖတ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမစာအုပ်ကို ဖတ်တာ က Server အကြောင်းနဲ့ Labs ကို ရှင်းလင်းစာရေးသားထားလို့ ပဲဖြစ်ပါတယ်။ Exam reference အတွက် စာမေးပွဲဖြေဖို့ အတွက် ဆက်ဖတ်သင့်ပါတယ်။
စာအုပ်တွေက http://www.microsoftpressstore.com/  ၀ယ်ယူနိုင်သလို တစ်ချို့ Sites တွေမှာ ရှာပြီး ဖတ်လို့ ရပါတယ်။
တစ်ခု ရှိတာ က  Microsoft Server ကို Labs လုပ်ဖို့ Virtual home lab ကို ပြုလုပ်ထားသင့်ပါတယ်။ အဲဒီLabs အတွက် ဆိုရင် ကိုယ့်ရဲ့ computer အတွက် လိုအပ်ချက်ကတော့ CPU က VT ကို Support လုပ်ဖို့ လို ပါတယ်။ Support လုပ်လား မလုပ်ဘူးလားဆိုတာက computer ရဲ့ BIOS ထဲမှာ ၀င်စစ်နိုင်သလို Online မှာ ကိုယ့် Computer ရဲ့ specification manual ကို ဖတ်ပြီးလဲ စစ်လို့ ရပါတယ်။ Memory အနေနဲ့ ဆိုရင် 8GB ရှိရင်တော့ ပို အဆင်ပြေပြီး Labs လုပ်ရတာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ 4GB နဲ့ လဲ ရပါတယ်.။ ဒါပေမဲ့ Full Labs လုပ်ရင်တော့ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။
တကယ်လို့ အချိန်ရရင်တော့ Video Trainings တွေ လေ့လာရင်လဲ ပိုကောင်းပါတယ်။
မြန်မာလို Training Labs လေးတွေတော့ ကျွန်တော့် Youtube channel နဲ့ Blog မှာ ၀င်ရောင်လေ့လာနိုင်ပါတယ်။
တစ်ကယ်လို့ စာအုပ်တွေနဲ့ .Labs တစ်ချို့ ကို လေ့လာပြင်ဆင်ပြီးရင်တော့ မေးခွန်းဟောင်းတွေကို လေ့လာသင့်ပါတယ်။ စာအုပ်တွေထဲမှာ မေးခွန်းဟောင်း တွေ ပါပါတယ်။ online တွေက နေလဲ အစမ်းဖြေကြည့်လို့ ရပါတယ်။
အဲဒါတွေ ပြင်ဆင်ပြီးရင်တော့ Pearson အသိအမှတ်ပြု ဖွင့်ထားတဲ့ Exam center တွေမှာ ဖြေဆို ရပါတယ်။ Center ကြေးကတော့ ၂၀၀၀၀ကျပ်လောက်ကနေ ၃၀၀၀၀ ၀န်းကျင်လောက်ထိ၇ှိတက်ပါတယ်။
Exam Center တွေကတော့ အောက်ပါ Center တွေမှာ အဖြေများပါတယ်။
KMD Exam Center
Globalnet Exam Center
Link 2 Link Exam Center
စာမေးပွဲကြေးအနေနဲ့ ကတော့ဘာသာရပ်တိုင်းအတွက် ဆို Country အလိုက်ပေးရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ဖြေမယ်ဆိုရင်တော့ $80 သာ ပေးသွင်းရပါတယ်။ မိမိဘာသာ Pearson Site မှာ ကြိုပြီး Schedule လုပ်လို့ ရသလို Exam Center ကနေ ပေးသွင်းလို့ ရပါတယ်။
70-411 exam မှာက
Deploy, manage, and maintain servers
Configure File and Print Services
Configure network services and access
Configure a Network Policy Server (NPS) infrastructure
Configure and manage Active Directory
Configure and manage Group Policy တွေကို လေ့လာရမှာဖြစ်ပါတယ်။
70-412 မှာက
Configure and manage high availability
Configure file and storage solutions
Implement business continuity and disaster recovery
Configure Network Services
Configure the Active Directory infrastructure
Configure Identity and Access Solutions တွေကို လေ့လာဖြေဆိုရမှာဖြစ်ပါတယ်။
Exam Pass ဖြစ်ဖို့ အမှတ်ကတော့ 700 ကျော်လောက်ရမှာ ဖြစ်ပြီး မေးခွန်းအနေနဲ့ ကတော့ ၅၀ ၀န်းကျင်လောက်ကို ဖြေဆိုချိန် ၂ နာရီကျော်လောက်ပေးထားပါတယ်။
411 နဲ့ 412 ဆိုရင်လဲ
Administering Windows Server 2012 Exam Ref 70-410
Administering Windows Server 2012 70-410 (Official Academic Course)
Configuring Advanced Windows Server 2012 ServicesExam Ref 70-410
Configuring Advanced Windows Server 2012 Services 70-410 (Official Academic Course)
တို့ ကို ဖတ်ရူလေ့လာသင့်ပါတယ်။ အကောင်းဆုံးကတော့ စာအုပ်တွေကို လေ့လာသင့်သလို ပြင်ပ Server သက်ဆိုင်တဲ့ ဗဟုသုတတွေကိုလဲ Online သို့ လက်တွေ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အသိမိတ်ဆွေတွေ ကနေလဲ့ လေ့လာသင့်ပါတယ်။
ကျွန်တော့် ကိုလဲ Microsoft Server Certification တွေနဲ့ မသိရင် online ကနေ မေးမြန်းနိုင်သလို။ Labs လုပ်ရာမှာ အဆင်မပြေရင် အကြံညဏ်တောင်းနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Ko Kaung Thu @ Ko Phyo Wai Lin (MCT)
Monday, October 30, 2017
Hyper-V
Hyper-V
ညီတစ်ယောက် မေးထားတာလေး နည်းပညာ Group တစ်ခုမှာတွေ့ လို့ Hyper-V နဲ့ ပတ်သတ်လို့ ကိုသိတာလေးတွေ ရေးလိုက်တာပါ။
Hyper-V ဆိုတာ Microsoft Platform တွေမှာ သုံးလို့ ရတဲ့  Virtualization တစ်ခုပါပဲ။ License အနေနဲ့ တော့ Hyper-V အတွက် သီးသန့် ပေးစရာမလိုပါဘူး.။ ဒါပေမဲ့ သူ့ ရဲ့ အပေါ်မှာ တည်ဆောက်ထားတဲ့ Virtual Machine တွေမှာ တင်တဲ့ OS တွေ အတွက် တော့ License ၀ယ်ဖို့ လို ပါတယ်.။
Hyper-V ကို သုံးချင်ရင်တော့ Role တစ်ခုအနေနဲ့ တင်ပြီးသုံးလို့ ရပါတယ်။ အဲဒီ Role အပြင် Hyper-V အတွက် Management လုပ်လို့ ရတဲ့ .. Tools Features တွေပါ တစ်ခါတည်းသွင်းလို့ ရပါတယ်။
Virtualization မှာ
Type-I Virtualization
Type-II Virtualization ဆိုပြီး နှစ်မျိုးရှိပါတယ်။
Type-I Virtualization ဆိုတာကတော့ Host OS မလိုပဲ Hypervisor ကို အသုံးပြုလို့ ရလိုပဲဖြစ်ပါတယ်။
Type-II Virtualization ဆိုတာက အဲဒီ Vitualization ကို Install လုပ်ပြီး Run ချင်ရင် Host OS လို့ ခေါ်တဲ့ Windows တစ်ခု ရှိမှာသာ အလုပ်လုပ်နိုင်မှာပါ။
Hyper-V က Type II Virtualization လို့ မမှတ်ယူသင့်ပါဘူး.။ ဘာလို့ လဲဆိုတော့ Hyper-V Role Install လုပ်ပြီးတာနဲ့  အဲဒီ hyper-v role ဟာ Windows Server မတက်ခင်ကတည်းက စပြီး run တာဖြစ်လို့ ပါပဲ။
Hyper-V ကို Windows Server 2012 Data Center Edition မှာ Install လုပ်ပြီး သုံးခဲ့ ရင် အဲဒီ Hyper-V ပေါ်မှာ ထပ်ဆောက်တဲ့ VM တွေအတွက် Server License တွေကို ထပ်ဝယ်စရာ မလို ပဲ Unlimited ရရှိမှာ ဖြစ်ပါတယ်။ Standard Edition မှာ သွင်းခဲ့ မယ်ဆို၇င်တော့ VM နှစ်လုံးစာအတွက်ပဲ Server License ရရှိမှာဖြစ်ပြီး သုံးလုံးမြောက် VM အတွက်တော့ License ထပ်ဝယ်ရမှာဖြစ်ပါတယ်။ Windows Server License အတွက် စဉ်းစားရာတွင်လဲ Virtualization အတွက်ပါ ထည့်စဉ်းစားရပါတယ်။
ပြီးတော့ Microsoft က Hyper-V အတွက် သီးသန့် Editon တစ်ခု အနေဲ့ Microsoft Hyper-V Server Edition ဆို ပြီး ထုတ်ထားပါတယ်။ စမ်းကြည့်ချင်ရင်တော့ အောက်ပါ Link အတိုင်း download ရယူနိုင်ပါတယ်။
Microsoft Hyper-V Server 2016
Microsoft Hyper-V Server 2012
တစ်ခု ရှိတာ က အဲဒီ Hyper-V edition ကို GUI နဲ့ Manage လုပ်ချင်ရင် တစ်ခြား Windows PC တစ်ခု Hyper-V Management Tools ကို Install လုပ်ပြီး Configure လုပ်နိုင်ပါတယ်။
Hyper-V ကို Windows Server တင်သာမကပဲ Windows 7, Windows 8 and Windows 10 Client OS တွေ မှာ လဲ တင်ပြီး အသုံးပြုလို့ရပါတယ်။
ဘယ်ကနေ Features ကို On ရလဲဆိုတော့ Control Panel ထဲက Programs/Features ကို ဖွင့်ပါ။ ပြီးရင် (Turn windows Features on or Off ) ကို နိုပ်ပါ ပြီးရင် ကျလာတဲ့ Drop-Down Box ထဲက နေ Hyper-Vကို ရှာပြီး Check box တွေကို On လိုက်တာ ပြီးတာနဲ့ Install လုပ်သွားမှာပါ။ ပြီး၇င် Restart တစ်ခါတောင်းပြီး OS ပြန်တက်လာရင် သုံးလို့ ရပါပြီ။
တကယ်လို့ Microsoft Server မှာ တင်ပြီးစမ်းလို့ ရအောင် Labs လေးတွေ လုပ်ထားပါတယ်။
ကျွန်တော့် Youtube Channel မှာ အခြေခံလေးတွေကို ကြည့်ပြီး လေ့လာလို့ ၇ပါတယ်။
Lab - 51 Installation and Configuring Hyper-V
Lab - 52 Creating Virtual Machine on Hyper-V
Lab - 53 Creating Fixed Size Virtual Hard Disk
Lab - 54 Creating Dynamically Expanding Virtual Hard Disk
ဘယ် Virtualization ကို အသုံးပြု သင့်လဲဆိုတာတော့ မိမိ Organization နဲ့ ပဲ သက်ဆိုင်ပါတယ်။ Hyper-V ကတော့ ခုလောလောဆယ်ထိတော့ Unlimited Free ပေးထားပါတယ်။
Microsoft Server ပိုင်း နဲ့ Virtualization ပိုင်းကို့ လေ့လာရင် Hyper-V ကလဲ လေ့လာသင့်တဲ့ Server တစ်ခုပါပဲ။ တကယ်တမ်း Performance ကောင်းချင်ရင်တော့ Type-II ထက် Type-I Virtualization ကို သုံးသင့်ပါတယ်.။ ဘာလို့ လဲဆိုတော့ Type-I Virtualization ဆို တာက သူ့ ကို အသုံးပြုမယ်ဆိုရင် Host OS ကို ကြိုတင်စရာ မလို ပဲ အသုံးလို့ ရလို့ ပဲဖြစ်ပါတယ်။
Cloud ပိုင်းနဲ့ Virtualization ပိုင်း က လက်ရှိမှာရော နောင်လာမဲ့အနာဂတ်မှာ ပါ အရေးကြီးတဲ့ အခန်းအနေနဲ့ ပါဝင်လာမှပဲဖြစ်ပါတယ်။။
ကိုကောင်းသူ @ ကိုဖြိုးဝေလင်း