Wednesday, January 16, 2019
Microsoft Azure Certification (New)
- Azure Exam
- Data Exam
- Microsoft 365 Exams
- Fundamentals
- Exam AZ-100
- Exam AZ-101
" Developer Associate "
- Exam AZ-203
- Exam AZ-300
- Exam AZ-301
- AZ-400
ကျေးဇူးတင်ပါတယ်..။
[Unicode]
" Microsoft Azure Cloud Services နဲ့ပတ်သတ်ပြီး ဖြေလို့ရတဲ့Exam တွေကို Sharing လုပ်တဲ့အနေနဲ့ပြောပြချင်ပါတယ်..။ "
Certification ဆိုတာ Product တစ်ခုအတွက် ကျွမ်းကျင်မူ လက်မှတ်တစ်ခုဖြစ်သလို ၊ အဲဒီ Product သုံးတဲ့နယ်ပယ် မှာ အလုပ်အကိုင်အခွင့်အလမ်း အတွက်လဲ အထောက်အပံဖြစ်စေပါတယ်..။
အခုလဲ Microsoft က 2019 မှာ လုပ်ငန်းခွင်အတွက် အသုံးချနိုင်စေဖို့သက်ဆိုင်ရာ Technology အလိုက် Role Based New Certifications တွေ ထွက်လာပါတယ် ။ Certification တွေရဲ့သက်ဆိုင်တဲ့နယ်ပယ်တွေကတော့
- Azure Exam
- Data Exam
- Microsoft 365 Exams
အဲဒီအထဲကမှ ကျွန်တော် အနည်းရှင်းပြချင်တဲ့နယ်ပယ်ကတော့ Microsoft Azure Cloud Services နဲ့ပတ်သတ်တဲ့နယ်ပယ်ပဲဖြစ်ပါတယ်..။
Azure နဲ့ပတ်သတ်ပြီးဖြေလို့ရတဲ့Exam နာမည်တွေကတော့
- AZ-100: Microsoft Azure Infrastructure and Deployment (released July 16, 2018)
- AZ-101: Microsoft Azure Integration and Security (released July 16, 2018)
- AZ-102: Microsoft Azure Administrator Certification Transition (released July 16, 2018)
- BETAAZ-202: Microsoft Azure Developer Certification Transition (beta) (released September 24, 2018)
- AZ-203: Developing Solutions for Microsoft Azure (released December 27, 2018)
- AZ-300: Microsoft Azure Architect Technologies (released September 24, 2018)
- AZ-301: Microsoft Azure Architect Design (released September 24, 2018)
- AZ-302: Microsoft Azure Solutions Architect Certification Transition (released September 24, 2018)
- BETAAZ-400: Microsoft Azure DevOps Solutions (released October 26, 2018)
- AZ-900: Microsoft Azure Fundamentals (released December 31, 2018)
Exam တွေထဲမှာ တစ်ချို့Exam တွေက Beta အနေနဲ့ပဲ ရှိနေသေးပါတယ်..။
အထက်ပါ Exam တွေကို အပိုင်းလိုက်ခွဲလိုက်လို့ရပါတယ်..။
- Fundamentals
- Administrator/Associate
- Expert Level တို့ပဲဖြစ်ပါတယ်။
" Fundamentals " ပိုင်း အတွက်ဆိုရင် AZ-900 Exam တစ်ဘာသာဖြေရုံ နဲ့ Microsoft Certified Azure Fundamentals လက်မှတ်ရရှိမှာဖြစ်ပါတယ်။
တကယ်လို့ Fundamental မဖြေဘဲ Administrator / Associate Level ကို တန်းဖြေလို့လဲရပါတယ်.။ အဲဒီ level အတွက်ဆိုရင် Azure Administrator နဲ့Azure Developer Associate ဆိုပြီးနှစ်ပိုင်းထက်ရှိပါတယ်..။
" Microsoft Certified Azure Administrator "
- Exam AZ-100
- Exam AZ-101
- Exam AZ-102 (transition exam for people who passed Exam 70-533)
Administrator Exam ကို ခုမှ စဖြေမဲ့သူတွေဆိုရင် AZ-100 နဲ့AZ-101 ကို ဖြေပြီးအောင်တာနဲ့Certified Azure Administrator လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်…။ AZ-102 ကတော့ အရင်က Certification Path အပိုင်း 70-533 ဖြေထားတဲ့သူတွေအတွက် အဲဒီ 102 တစ်ဘာသာထပ်ဖြေရုံနဲ့Administrator လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။
" Developer Associate "
- Exam AZ-202 ( transition exam for people who passed Exam 70-532)
- Exam AZ-203
Developer Associate အတွက်ဆိုရင်လဲ အသစ် ဖြေမည့်သူတွေက AZ-203 တစ်ဘာသာ ဖြေရင် ရပါတယ်..။ မဟုတ်ပဲ အရင် Certificate Path က 70-532 ဖြေခဲ့သူဆိုရင် AZ-202 ကို ထပ်ဖြေရုံနဲ့Microsoft Certified Azure Developer Associate လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်..။
အခုထပ်ပြောမှာ Expert Level အတွက် ပါ။ ထို Level ကို ဖြေမယ်ဆိုရင် ဖြေဆိုမည့်သူက Azure Administrator or Developer Associate ကိုအောင်မြင်ဖြေဆိုပြီးသားဖြစ်ရမှာဖြစ်ပါတယ်..။ အောင်မြင်ပြီးသားဆိုရင်တော့ အောက်ပါအတိုင်း ထပ်ဖြေလို့ရပါတယ်..။
" Microsoft Certified Azure Solutions Architect "
- Exam AZ-300
- Exam AZ-301
- Exam AZ-302 ( transition exam for people who passed Exam 70-535)
အခုမှ အသစ်ဖြေမယ်ဆိုတဲ့သူတွေက AZ-300 နဲ့AZ-301 ကိုထပ်ဖြေဆိုရင် Solutions Architect ကို ရရှိမှာဖြစ်ပါတယ်.။ AZ-302 က ထုံးစံအတိုင်း Transition Exam ပါ။ 70-535 ဖြေဆိုခဲ့ပြီးသားဆိုရင် အဲဒီတစ်ဘာသာပဲ ထပ်ဖြေရုံနဲ့Solutions Architect ဖြစ်နိုပ်ပါတယ်..။
" Microsoft Certified Azure DevOps Engineer Expert"
- AZ-400
DevOps Engineer Expert ဖြစ်ဖို့ဆိုရင် တော့ AZ-400 တစ်ဘာသာထပ်ဖြေရင် ရပါပြီ။
အထက်ပါ Certification နဲ့Exam Code တွေကတော့ အသစ်ထွက်ရှိလာတဲ့Azure Cloud Services နဲ့သက်ဆိုင်တာတွေပဲဖြစ်ပါတယ်.။
System and Network ဖက်ကနေ Cloud Services ကိုအသစ်လေ့လာတဲ့သူကတော့ Solutions Architect ပိုင်းကို အရင်သွားသင့်ပါတယ်..။ ပြီးမှာသာ DevOps ကို ဆက်လေ့လာသင့်ပါတယ်..အကြံပေးရင် ဒီနေရာမှာ နိဂုံးချုပ်လိုက်ပါတယ်..။
Microsoft Certified Cloud Solutions Architect နဲ့DevOps Expert များ ဖြစ်ကြပါစေလို့ဆုတောင်းရင်း..........
ကျေးဇူးတင်ပါတယ်..။
Ko Kaung Thu @ Ko Phyo Wai Lin
Microsoft Most Valuable Professional (2018)
Microsoft Certified Trainer