Wednesday, December 30, 2015

Basic Networking-I



CCNA ကိုလေ့လာရာတွင် သိသင့်သော Networking အခြေခံလေးများကို How to Master CCNA စာအုပ် ကို ဘာသာပြန် ၍သောလည်းကောင်း၊ မိမိသိသော အကြောင်းအရာကလေးများနဲ့ တင်ပြပေးပါမယ်။

Networking အခြေခံမှာ သိသင့်တာလေးတစ်ခုက
Network topology လေးနှစ်ခုကို သိထားသင့်ပါတယ်။ ဒါတွေက တော့
·         Physical Topology
·         Logical Topology

Physical Topology ဆိုတာက Network Device တွေ Network Cable ကို အမြင်အားဖြင့် ဘယ်လိုတပ်ဆင်ထားလဲဆိုတဲ့ အပေါ်မှာ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
Logical Topology ဆိုတာက အဲဒီ Physical Topology ပေါ်မှာ Data တွေ ဘယ်လိုဖြတ်သန်းစီးဆင်းသွားလဲဆိုတာပါပဲ။

Physical Topology အမျိုးအစားများ
Bus Topology


အထက်ပါပုံလေးက Bus Topology ပါ။ ပထမဦးဆုံး ချိတ်ဆက်တဲ့ Network topology တစ်ခုပါပဲ။ Coax-cable ကို အသုံးပြုပြီးချိတ်ဆက်ခြင်းဖြစ်ပါတယ်။အခြေခံအားဖြင့် Network Cable အရှည်တစ်ခုမှာ Network Devices တွေအားလုံးချိတ်ဆက်ထားခြင်း ဖြစ်ပါတယ်။ Network Cable ရဲ့ အစနဲ့ အဆုံးမှာ Terminator လေးတွေ တပ်ထားပါတယ်။ သူအားနည်းချက်ကတော့ Main Network Cable ကြီးတစ်ခုခုဖြစ်သွားဆိုတာနဲ့ Network ကြီးတစ်ခုလုံး အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။

Ring Topology

အထက်ပါ ချိတ်ဆက်ထားပုံလေးက Ring Topology ပါပဲ။ Ring ပုံစုံမျိုး နဲ့ Devices တွေကို ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။သူလည်းပဲ အဓိက Network cable ကြီး down သွားတာနဲ့ Network ကြီး တစ်ခုလုံးလဲ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ Dual ring ကို redundancy အတွက် နောက်ထပ်Cable တစ်ခုနဲ့ Setup လုပ်ထားနိုင်ပါတယ်။ ဒါဆိုရင် ပထမ cable down သွားတာနဲ့ နောက်cable တစ်ခုနဲ့ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။
 

 


Star Topology

ဒါကတော့ ယနေ့ ခေတ်မှာ အသုံးပြုကြ တဲ့ LAN Network Topology တစ်ခုပါပဲ။ Central Network Device( Hub/Switch) တစ်ခုခုကို အလယ်မှာ ထားပြီး ကျန်တဲ့ Device တွေ က ချိတ်ဆက်ကြခြင်းဖြစ်ပါတယ်။ Network media cable အနေနဲ့ ကတော့ UTP (Unshielded Twisted Pair) ကို အသုံးပြုပါတယ်။ ဒီ Topology ကတော့ Central Network Device တစ်ခု down သွားမှပဲ Network ကြီး တစ်ခုလုံး down သွားမှာဖြစ်ပါတယ်။

Full Mask Topology

အထက်မှာပြောခဲ့ တဲ့ Topology သုံးခုက ကျွန်တော်တို့ Local Area Network မှာ သုံးကြတဲ့ ပုံစုံမျိုးတွေ ဖြစ်ပြီး ခုပြောမဲ့ Topology ကတော့ ကုမ္ပဏီ တစ်ခုဟာ တစ်ခြားသောမြို့ တွေမှာ ရှိတဲ့ သူရဲ့ှSites တွေကို  ချိတ်ဆက်တဲ့ ပုံစုံမျိုးပါ။ Router တိုင်းဟာ သူတို့ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ချိတ်ဆက်ထားတဲ့ ပုံစံမျိုးပါ။ Network Link တစ်ခု down သွားတာနဲ့ ကျန်တဲ့ Network တွေကို မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ ခုလိုချိတ်ဆက်ခြင်းဟာ ကျွန်တော် တို့ အတွက် ကုန်ကျစရိတ်ဟာ ပိုဈေးကြီးသွားနိုင်ပါတယ်။ ဘာလို့လဲဆို တော့ sites တွေ Routers တွေကြားမှာ Links နဲ့ Interface တွေ ပိုလိုအပ်လို့ ပဲဖြစ်ပါတယ်။ ဒီ Topology ကို တော့ Full-mesh လို့ခေါ်ပါတယ်။
အထက်ပါ Network Topolgy အပြင် ကျွန်တော့်တို့ ဟာ နောက်ထပ်အလားတူ ကုန်ကျစရိတ်အနည်းငယ်သက်သာစေတဲ့ Partial-Mesh Topology ကို လဲအသုံးပြုနိုင်ပါတယ်။


ဒီ Network Topology ကတော့ ကျွန်တော်တို့ ရဲ့ အရေးကြိးတဲ့ Sites တွေကို ပဲ အဓီက connectလုပ်ထားခြင်းပဲဖြစ်ပါတယ်။