Friday, March 22, 2019

Microsoft Cloud Services - Azure Knowledge Sharing and Practice Lab













# Azure Cloud Knowledge Sharing at University of Computer Studies, Monywa, Myanmar.

Thanks to all,
Phyo Wai Lin (MVP
Microsoft Certified Trainer


Friday, March 15, 2019

About-Azure AZ-100 Exam

"About : Azure AZ-100 Exam"

ပြီးခဲ့ တဲ့ အပတ် ကျွန်တော် ကိုယ်တိုင် ဖြေဆိုအောင်မြင်ခဲ့ တဲ့ Azure AZ-100 Exam နဲ့ ပတ်သတ် အတွေ့ အကြုံလေး Share ပေးချင်ပါတယ်...။
AZ-100 Exam က Microsoft ရဲ့ Azure Cloud နဲ့ ပတ်သတ်တဲ့ New Certification ဖြစ်တဲ့ Microsoft Certified: Azure Administrator အတွက် ပထမဦးဆုံး ဖြေရတဲ့ ဘာသာဖြစ်ပါတယ်..။
Azure Administrator ဖြစ်ဖို့ ပုံမှန်ကတော့ နှစ်ဘာသာဖြေရပါတယ်..။ Exam Code တွေကတော့..
- AZ-100
- AZ-101
- AZ-102 (transition exam for people who passed Exam 70-533)
တွေဖြစ်ပါတယ်..။
AZ-100 နဲ့ AZ-101 ကတော့ အခု မှ စဖြေမဲ့ သူတွေအတွက် ဖြစ်ပြီ။ AZ-102 ကတော့ အရင်က Exam Code ဖြစ်တဲ့ 70-533 ဖြေထားတဲ့ သူတွေအတွက်ပဲ ဖြစ်ပါတယ်..။
Azure Exam တွေနဲ့ တခြား Microsoft Exams တွေ ကွာတဲ့ အချက်က MCQ, Drag and drop Questions တွေ အပြင် ဒီမှာ က Simulation Labs တွေ ပါလာတာပဲ ဖြစ်ပါတယ်..။
ပုံမှန်အားဖြင့် Exams ဖြေတဲ့ သူများက မေးခွန်းဟောင်းတွေ လေ့ကျင့်ပြီးတော့ ဖြေကြတာများပါတယ်..။
Azure Exams တွေအတွက် တော့ MCQ မေးခွန်းဟောင်းတွေအပြင် ..လက်တွေ့ပိုင်းအတွက် ပါ လေ့လာထားမှ သာ Exams အတွက် စိတ်ချရမှာ ဖြစ်ပါတယ်..။
MCQ အပြင် Labs 2 ပုဒ် က Azure AZ-100 စာမေးပွဲမှာ ပါပါတယ်..။ အနည်းဆုံးတော့ Lab တစ်ပုဒ်ကိုတော့ သေချာပေါက် ရမှာသာ Exam မှာ pass ဖြစ်နိုင်မှာပါ။ နှစ်ခုစလုံး မဖြေခဲ့ ရင် pass မဖြစ်နိုင်ပါ။
ကျွန်တာ် ကတော့ Exam Center မှာ သွားဖြေတာ မဟုတ်ဘဲ မိမိ အိမ်မှာ online proctored နဲ့ ဖြေခဲ့ တာပါ။ အရင်ကလဲ Microsoft Exams တချို့ ကို အိမ်မှာ ပဲ ဖြေခဲ့ တာပါ။ အရင်တုန်းကတော့ Mobile 3G Internet နဲ့ ဖြေခဲ့ တယ်…။ အဲဒီနောက် Telenor Broadband ထွက်လာတော့ အဲဒါနဲ့ ထပ်ဖြေဖြစ်တယ်..။
Online proctored exam တွေက ဒီလိုဖြေရပါတယ်…။ Exam ကို Online ကနေ ဖြေမဲ့ ပုံစံ ကို ရွေးပြီး Payments အတွက်ကို Master card/Credit Card or JCB တစ်ခုခုကိုသုံးပြီး. Register လုပ်လို့ ရပါတယ်..။ ဖြေမည့်နေ့ နာရီဝက်အလိုကျမှ Pearson ကနေ OnVUE ဆိုတဲ့ Software ကို Download ဆွဲပြီး မိမိ စက်မှာ Install လုပ်ရပါတယ်..။
Install လုပ်ပြီး pearson ကနေ code ကို copy ယူပြီး ဆက်သွားလို့ ရပါတယ်..။ မဖြေခင် မိမိ ဓါတ်ပုံ။ Passport တွေနဲ့ Register လုပ်ရပါတယ်။ ပြီးရင် ဖြေဆိုမည့် နေရာ မိမိ အခန်းကို Video Record ရိုက်ပေးရပါတယ်..။ အားလုံးပြီးတာနဲ့ ၅မိနစ်လောက် ကိုယ့်ပေးလိုက်တဲ့ Information ကို စစ်ပါတယ်.။ အဆင်ပြေတာနဲ့ Exam ကို ဖွင့်ပေးလိုက်ပါတယ်..။ Exam ဖြေဆိုနေချိန်မှာ တစ်ဖက်ကနေ Webcam and Sound Record တွေ လုပ်ပြီးစောင့်ကြည့်နေပါတယ်.။ တကယ်လို့ ဖြေဆိုနေချိန် မယုံသင်္ကာ တခုခု တွေ့ တာနဲ့ Exam ကို အချိန်မရွေး သူ့ တို့ ဘက်ကနေ Break down လုပ်မှာ ဖြစ်ပါတယ်..။
ဒီ AZ-100 ကို အရင်ဖြေခဲ့ တဲ့ Internet Line တွေနဲ့ တစ်ခုခုမှ ဖြေလို့ မရပါဘူး…။ နောက်ဆုံး ထပ်ယူထားတဲ့ Local LSP တစ်ခု က 15 MB Internet Speed နဲ့ ဖြေမှ သာ ဖြေဆိုခွင့်ရသွားပါတယ်.။ Online Simulation Labs တွေ ပါတဲ့ အတွက် Internet Line ကိုသေချာချာ စစ်တာ ဖြစ်မှာပါ။ ပြီးတော့ UP/Down Speed 1MB အပြည့်အ၀ရမှာသာ ပေးဖြေတာဖြစ်ပါတယ်..။
MCQ နဲ့ Drag and Drop မေးခွန်းတွေ ကတော့ အရင် Exam ပုံစုံတွေအတိုင်းပါပဲ… Simulation Labs ကတော့ Monitor ရဲ့ screen တခြမ်းမှာ Server တစ်လုံးကို ဖွင့်ထားပါတယ်..။ တဖက်မှာတော့ လုပ်ရမဲ့ Tasks တွေ ပေးထားပါတယ်..။ Tasks က တပုဒ်မှာ ၈ ခု ပါပါတယ်.။
Labs တွေ Exam မဖြေခင် Testing လုပ်မဲ့ ဆိုရင် Microsoft Azure account ရှိမှ စမ်းလို့ ရမှာပါ။ Microsoft က Education အတွက် ဆိုပြီး $200 Free Subscription ကို အကောင့်ဖွင့်တာနဲ့ ၁ လ ပေးသုံးဖို့ ပေးပါတယ်..။ အဲဒီအကောင့်နဲ့ စမ်းလဲ ရပါတယ်..။
ကျွန်တော် ကတော့ Labs ပါတဲ့ အတွက် ပိုသဘောကျပါတယ်.. MCQ တစ်ခုပဲ မဟုတ်ပဲ ကိုယ်တိုင် လက်တွေ့ ပြသနိုင်မှာသာ အောင်မြင်မှာဖြစ်ပါတယ်..။ အကြံပေးချင်တာ Labs တွေကို သေချာသေချာ လေ့ကျင့်သွားဖို့ လိုပါတယ်..။ အများဆုံးမေးတာကတော့ …VM Creation, Recovery Services Vault, Storage Accounts, Virtual Networks, Network Peering ဒါတွေကိုတော့ သေသေချာချာလေး လေ့ကျင့်သွားစေချင်ပါတယ်..။


Thanks,
Phyo Wai Lin @ Ko Kaung Thu (MCT,MVP,myanmarRoute)