Tuesday, January 19, 2016

Hyper-V အပိုင်း-၂


Hyper-V implementation

Hyper-V role ကို Windows Server 2012 ရဲ့ Standard and Datacenter Edition တွေမှာ ပါတာပါ။ Server OS မှာ တစ်ခြား Software ထပ်သွင်းစရာမလိုပဲ Hyper-V role ကိုပဲ ထည့်လိုက်ခြင်းဖြင့်အသုံးပြုလိုရပါတယ်။ Hyper-V မှာ လက်ရှိ windows workstation OS တွေသာမက တစ်ခု Microsoft မဟုတ်တဲ့ Products တွေကိုပါ Install လုပ်လို့ ရတယ်။

Hyper-V Licensing
Server 2012 standard နဲ့ Datacenter edition တို့ မှာ အဓိက ကွာခြားချက်မှာ VM ဘယ်လောက်ကို support လုပ်လဲပေါ်မှာမူတည်တာပဲ ဖြစ်တယ်။ Datacenter edition ကို ၀ယ်ယူအသုံးပြုမယ်ဆိုရင်တော့ အကန့် အသတ်မရှိ windows server 2012 VMs တွေကို Physical Machine တစ်ခုပေါ်မှာ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ Standard edition ကိုဝယ်ယူမယ်ဆိုရင်တော့ windows server 2012 VMs ကို နှစ်ခုပဲအသုံးပြုလို့ ရမှာဖြစ်ပါတယ်။

Hyper-V hardware limitations
Windows Server 2012 hyper-v host ဟာ  320 logical processors create လုပ်နိုင်ပြီး 2048 virtual CPS နဲ့  physical memory မှာ  4TB ထိယူသုံးရပါတယ်။
Server တစ်လုံးဟာ 1024 active ဖြစ်နေတဲ့ VMs နဲ့ single VM ကို 64 virtual CPUs နဲ့  1TB memory ထိ တိုးသုံးလို့ ရပါတယ်။
ပြီးတော့ Hyper-V ဟာ clusters ကို 64 nodes နဲ့  8000VMs တွေကိုလဲ support လုပ်နိုင်ပါတယ်။

ဆက်ပါဦးမည်။  
From: Installing and configuring Windows Server 2012, Craig Zacker

No comments:

Post a Comment