Thursday, August 4, 2016

Free IT and Asset Management Software


Inventory software တွေ ထဲ မှာ GLPI လို့ ခေါ်တဲ့ opensource application သဘောကျပါတယ်။ LDAP နဲ့ လဲချိတ်ဆက်နိုင်သလို။ Computer, Printer, UPS, Network စသည့်များကို စနစ်ကျအောင် inventory ထည့်ထားလို့ ရပါတယ်။ Web base အနေနဲ့ သုံးရတာပါ။ Installation လုပ်တာက windows ပေါ်မှာလဲ IIS ပေါ်တင်ပြီး သုံးလို့ ရပါတယ် ။ ဒါပေမဲ့ PHP run လို့ ရအောင် တော့ ကြိုလုပ်ထားလို့ ရမှာပါ။ ဒါမှမဟုတ် xamp, wamp တို့ အပေါ်မှာလဲ တင်လို့ ရပါတယ်။ Linux မှာ ဆိုရင် Apache မှာတင်လို့ ရပါတယ်။ IT သမားတွေ အတွက်တော့တော်တော် အထောက်အကူပြုတဲ့  inventory application တစ်ခုပါ။ အောက်က Link မှာ သွားရောက် download ရယူနိုင်ပါတယ်။

http://glpi-project.org/spip.php?article41

Windows ပေါ်မှာ IIS နဲ့ PHP တွဲပြီး run လို့ ရအောင် ပြုလုပ်ပုံလေးကိုတော့ PDF လုပ်ထားပါတယ်။ အောက်မှာ download ၀င်ဆွဲနိုင်ပါတယ်။ သိပ်အစုံအလင်ကြီးရေးထားတာတော့ မဟုတ်ပါဘူး။

Download Link
http://pc.cd/xGdrtalK

No comments:

Post a Comment