Monday, October 30, 2017

Hyper-V



Hyper-V
ညီတစ်ယောက် မေးထားတာလေး နည်းပညာ Group တစ်ခုမှာတွေ့ လို့ Hyper-V နဲ့ ပတ်သတ်လို့ ကိုသိတာလေးတွေ ရေးလိုက်တာပါ။
Hyper-V ဆိုတာ Microsoft Platform တွေမှာ သုံးလို့ ရတဲ့  Virtualization တစ်ခုပါပဲ။ License အနေနဲ့ တော့ Hyper-V အတွက် သီးသန့် ပေးစရာမလိုပါဘူး.။ ဒါပေမဲ့ သူ့ ရဲ့ အပေါ်မှာ တည်ဆောက်ထားတဲ့ Virtual Machine တွေမှာ တင်တဲ့ OS တွေ အတွက် တော့ License ၀ယ်ဖို့ လို ပါတယ်.။
Hyper-V ကို သုံးချင်ရင်တော့ Role တစ်ခုအနေနဲ့ တင်ပြီးသုံးလို့ ရပါတယ်။ အဲဒီ Role အပြင် Hyper-V အတွက် Management လုပ်လို့ ရတဲ့ .. Tools Features တွေပါ တစ်ခါတည်းသွင်းလို့ ရပါတယ်။
Virtualization မှာ
Type-I Virtualization
Type-II Virtualization ဆိုပြီး နှစ်မျိုးရှိပါတယ်။

Type-I Virtualization ဆိုတာကတော့ Host OS မလိုပဲ Hypervisor ကို အသုံးပြုလို့ ရလိုပဲဖြစ်ပါတယ်။
Type-II Virtualization ဆိုတာက အဲဒီ Vitualization ကို Install လုပ်ပြီး Run ချင်ရင် Host OS လို့ ခေါ်တဲ့ Windows တစ်ခု ရှိမှာသာ အလုပ်လုပ်နိုင်မှာပါ။

Hyper-V က Type II Virtualization လို့ မမှတ်ယူသင့်ပါဘူး.။ ဘာလို့ လဲဆိုတော့ Hyper-V Role Install လုပ်ပြီးတာနဲ့  အဲဒီ hyper-v role ဟာ Windows Server မတက်ခင်ကတည်းက စပြီး run တာဖြစ်လို့ ပါပဲ။

Hyper-V ကို Windows Server 2012 Data Center Edition မှာ Install လုပ်ပြီး သုံးခဲ့ ရင် အဲဒီ Hyper-V ပေါ်မှာ ထပ်ဆောက်တဲ့ VM တွေအတွက် Server License တွေကို ထပ်ဝယ်စရာ မလို ပဲ Unlimited ရရှိမှာ ဖြစ်ပါတယ်။ Standard Edition မှာ သွင်းခဲ့ မယ်ဆို၇င်တော့ VM နှစ်လုံးစာအတွက်ပဲ Server License ရရှိမှာဖြစ်ပြီး သုံးလုံးမြောက် VM အတွက်တော့ License ထပ်ဝယ်ရမှာဖြစ်ပါတယ်။ Windows Server License အတွက် စဉ်းစားရာတွင်လဲ Virtualization အတွက်ပါ ထည့်စဉ်းစားရပါတယ်။
ပြီးတော့ Microsoft က Hyper-V အတွက် သီးသန့် Editon တစ်ခု အနေဲ့ Microsoft Hyper-V Server Edition ဆို ပြီး ထုတ်ထားပါတယ်။ စမ်းကြည့်ချင်ရင်တော့ အောက်ပါ Link အတိုင်း download ရယူနိုင်ပါတယ်။

Microsoft Hyper-V Server 2016

Microsoft Hyper-V Server 2012

တစ်ခု ရှိတာ က အဲဒီ Hyper-V edition ကို GUI နဲ့ Manage လုပ်ချင်ရင် တစ်ခြား Windows PC တစ်ခု Hyper-V Management Tools ကို Install လုပ်ပြီး Configure လုပ်နိုင်ပါတယ်။
Hyper-V ကို Windows Server တင်သာမကပဲ Windows 7, Windows 8 and Windows 10 Client OS တွေ မှာ လဲ တင်ပြီး အသုံးပြုလို့ရပါတယ်။
ဘယ်ကနေ Features ကို On ရလဲဆိုတော့ Control Panel ထဲက Programs/Features ကို ဖွင့်ပါ။ ပြီးရင် (Turn windows Features on or Off ) ကို နိုပ်ပါ ပြီးရင် ကျလာတဲ့ Drop-Down Box ထဲက နေ Hyper-Vကို ရှာပြီး Check box တွေကို On လိုက်တာ ပြီးတာနဲ့ Install လုပ်သွားမှာပါ။ ပြီး၇င် Restart တစ်ခါတောင်းပြီး OS ပြန်တက်လာရင် သုံးလို့ ရပါပြီ။
တကယ်လို့ Microsoft Server မှာ တင်ပြီးစမ်းလို့ ရအောင် Labs လေးတွေ လုပ်ထားပါတယ်။
ကျွန်တော့် Youtube Channel မှာ အခြေခံလေးတွေကို ကြည့်ပြီး လေ့လာလို့ ၇ပါတယ်။

Lab - 51 Installation and Configuring Hyper-V
Lab - 52 Creating Virtual Machine on Hyper-V
Lab - 53 Creating Fixed Size Virtual Hard Disk
Lab - 54 Creating Dynamically Expanding Virtual Hard Disk

ဘယ် Virtualization ကို အသုံးပြု သင့်လဲဆိုတာတော့ မိမိ Organization နဲ့ ပဲ သက်ဆိုင်ပါတယ်။ Hyper-V ကတော့ ခုလောလောဆယ်ထိတော့ Unlimited Free ပေးထားပါတယ်။
Microsoft Server ပိုင်း နဲ့ Virtualization ပိုင်းကို့ လေ့လာရင် Hyper-V ကလဲ လေ့လာသင့်တဲ့ Server တစ်ခုပါပဲ။ တကယ်တမ်း Performance ကောင်းချင်ရင်တော့ Type-II ထက် Type-I Virtualization ကို သုံးသင့်ပါတယ်.။ ဘာလို့ လဲဆိုတော့ Type-I Virtualization ဆို တာက သူ့ ကို အသုံးပြုမယ်ဆိုရင် Host OS ကို ကြိုတင်စရာ မလို ပဲ အသုံးလို့ ရလို့ ပဲဖြစ်ပါတယ်။
Cloud ပိုင်းနဲ့ Virtualization ပိုင်း က လက်ရှိမှာရော နောင်လာမဲ့အနာဂတ်မှာ ပါ အရေးကြီးတဲ့ အခန်းအနေနဲ့ ပါဝင်လာမှပဲဖြစ်ပါတယ်။။

ကိုကောင်းသူ @ ကိုဖြိုးဝေလင်း

No comments:

Post a Comment