Monday, October 23, 2017

IT Diplomas



Diploma နှစ်မျိုးရှိပါတယ်..။
တစ်ခုက ၂နှစ်လောက် တက် ရတဲ့ ..Diploma ပါ.။ သူ့ က Higher National Diploma လို့ ခေါ်ပြီး အများကြီး အားဖြင့် နောက်ထပ်တစ်နှစ်လောက် ထပ်တက်ရင် Bachelor ရနိုင်ပါတယ်။
အဲဒီDiploma တောင် နှစ်မျိုးရှိပါတယ်…နောက်ဆုံး နှစ်ကို ကျောင်းတစ်ကျောင်းထဲမှာ ပဲ ထပ်တက်လို့ ရတဲ့ …ဘွဲ့ နဲ့ ကြိုက်တဲ့ ကျောင်းမှာ ထပ်တက်လို့ ရတဲ့ ..ဘွဲ့ ဆို ပြီးကွဲပါသေးတယ်…။
၆လတစ်နှစ်ပဲ တက်ရတဲ့ Diploma က Single Subject Diploma တွေဖြစ်ပါတယ်..တစ်ချို့ ..က Self-study လုပ်ပြီး ဖြေလို့ ရတဲ့ ..iqnglobal က ပေးတဲ့ Diploma နဲ့ …ကျောင်းတစ်ခုခုက ပေးတဲ့ Diploma ဆို ပြီး ၇ှိပါသေးတယ်…။ IT လောက ထဲမှာ ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီး ရာထူးမြင့်မြင့်နဲ့ ..လုပ်ငန်းခွင်မှာ လုပ်ချင်တဲ့ ..လူတွေ အတွက် IT Diploma သို့ မဟုတ်..IT နဲ့ သက်ဆိုင်တဲ့ Bachelor တစ်ခုလောက် ယူထားသင့်ပါတယ်.....။
၆လ လောက်နဲ့ ..ရတဲ့ ..Diploma က ဘယ်ကျောင်းမှ ဆက်တက်လို့ မရသလို  Certificate သာသာပဲ ဖြစ်ပါတယ်…။
ပြီးတော့ အဲဒီလို Diploma မျိုးကို Professional Diploma ဆိုပြီးခေါ်ပါသေးတယ်.။
နောက်ထပ် Diploma အမျိုးအစားက Bachelor တစ်ခုလောက် ရပြီးမှ တက်ရတဲ့ ..Post Graduate Diploma ပဲ ဖြစ်ပါတယ်.။ အဲဒါကတော့ Master ထိ သွားလို့ ရပါတယ်.။ အလုပ်တစ်ဖက်နဲ့ တက်ချင်တဲ့ သူတွေက အတွက် ရန်ကုန်တက္ကသိုလ်က ဖွင့် Online Post Graduate Diploma နဲ့ Master ကို online ကနေတက်ပြီး ကြိုးစားလို့ ရပါတယ်..။

No comments:

Post a Comment