Monday, October 23, 2017

Iaas , PaaS and SaaS



IaaS = Infra as a service

PaaS = Platform as a service

SaaS = Software as a service


သူ တို့ သုံးမျိုးကို ကား ဥပမာ နဲ့ ပြောပြထားတာကို Site တစ်ခု ကနေဖတ်မိပါတယ်။ ဘယ်လို ဥပမာပေးထားလဲဆိုတော့
IaaS ဆိုတာ ကားတစ်စီးကို လပေး သို နှစ်ပေးဆိုပြီး ငှားစီးတာနဲ့ တူပါတယ်…ကိုယ်က အဲဒီကားကို ဆီမ၇ှိရင် ဆီထည့်ရမယ်…ပြုပြင်ထိန်းသိမ်းရမယ်…ပြီးတော့ ကိုယ်စိတ်ကြိုက် လှပအောင် ဆောင်ရွတ်လို့ ရတယ်..။

PaaS ကတော့ Taxi ငှားစီးတာနဲ့ တူပါတယ်…Taxi လုပ်ထားတဲ့ အဲဒီကားကို ဘယ်လို ပြုပြင်ထိန်းသိမ်းလဲ ဘယ်လိုအတွင်းပိုင်းတွေကို ဘယ်လိုဆင်ထားလဲ…ဆီရော ၇ှိ၇ဲ့ လား…အဲဒါတွေ ကိုယ်နဲ့ မဆိုင်ဘူး မဟုတ်လား…အဲဒါက ပိုင်ရှင်အလုပ်လေ။ ကိုယ်နဲ့ ဆိုင်တာက ကိုယ်အလိုရှိရာ ခရီးကို ရောက်ဖို့ သူ့ ကို့ စီးသွားဖို့ ပဲ မဟုတ်လား။

SaaS ကတော့ လှိုင်းကားနဲ့ တူပါတယ်… ဈေးအသက်ဆုံးနဲ့ လိုရာကိုရောက်ဖို့ သူ့ ကို စီးပြီးသွားလို့ ရတယ်လေ..ဈေးက လဲ ကားကိုလပေး ငှားတာနဲ့ Taxi ငှားစီးတာတွေ ထက် ကို အသက်သာဆုံးနဲ့ သွားလို့ ရတယ်။ (နှစ်ရာ ပေးတာနဲ့ ..စီးလို့ ရတယ်.)


No comments:

Post a Comment