Tuesday, October 24, 2017

MCSE (Microsoft Certified System Engineer)



MCSE (Microsoft Certified System Engineer)

MCSA Certificate ရဲ့ သက်တမ်းကို Microsoft က ၃ နှစ်ပဲ ပေးထားပါတယ်..။ ၃ နှစ်အတွက် အဲဒီ Certificate ကို သက်တမ်းမတိုးရင် Expired ဖြစ်သွားပါတယ်..။ သူ့ အတွက် သက်တမ်းတိုးမယ်ဆို ရင် ကိုယ်ရဲ့ ..အရင် ဖြေထားတဲ့  Exam တွေကို  ပြန်ဖြေပြီး သက်တမ်းတိုးလို့ ရသလို့ ၊ နောက်ထပ် Level တစ်ခု ဖြစ်တဲ့ MCSE အတွက် စာမေးပွဲတွေ ဖြေပြီးတော့ လဲ သက်တမ်းတိုးလို့ လဲ ရနိုင်ပါတယ်..။

တစ်ခါတလေ Certificate က သက်တမ်း မကုန်သေးပေမဲ့ ..ကိုယ်ရယူထားတဲ့ ..Certificate ရဲ့ ..Product အတွက် Upgrade Product ထွက်လာတဲ့ အတွက အဲဒီ Product အတွှက် မွမ်းမံသဘောမျိုး ပေါင်းကူး exam တွေ ကို ဖြေပြီးလဲ Certificate ကို upgrade လုပ်နိုင်ပါတယ်..။ ဥပမာ အားဖြင့် MCSA Server 2012 က နေ MCSA Server 2016 ကို သွားချင်တယ်.ဆိုရင် အစအဆုံး အကုန်ပြန်ဖြေစရာမလို ပဲ Upgrade exam တစ်ခုကို သာ ဖြေဆိုပြီး Upgrade လုပ်နိုင်ပါတယ်။

ပုံမှန် Old Certification Frame အရဆိုရင် MCSA Server Infra ကနေ MCSE Server Infra ကို upgrade လုပ်ချင်တယ်ဆိုရင် နောက်ထပ် နှစ်ဘာသာ ထပ်ဖြေရပါတယ်။ Exam No တွေကတော့.
-       Exam 70-413
-       Exam 70-414 တွေပါ။
အဲဒီနှစ်ဘာသာ ထပ်ဖြေပြီးပြီးတာနဲ့ MCSE Server Infrastructure 2012 ကို ရရှိမှာဖြစ်ပါတယ်။
တစ်ခု အကြံပေးချင်တာကတော့ Certificate တွေဆိုတာ အမြဲတမ်း သက်တမ်းတိုး upgrade လုပ်မှာသာ အဆင်ပြေစေတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ..လက်ရှိကိုင်ထားတဲ့ Certificate ရဲ့ ..သက်တမ်း ကုန်ခါနီးမှသာ ဖြေဆိုခြင်းသာလျှင် စာမေးပွဲကြေးတွေကို မှန်ကန်စွာအသုံးချစေမှာပါ။။ မဟုတ်ရင် လခလေးထုတ်လိုက် စာမေးပွဲလေးဖြေလိုက်နဲ့ ..ရှာသမျှ Exam ကြေးနဲ့ Center ကြေးတွေ အတွက် သာဖြစ်သွားနိုင်ပါတယ်။
ပြီးတော့ စာမေးပွဲတစ်ခု ဖြေပြီးတာ နဲ့ .အဲဒီကိုယ်လေ့လာအောင်မြင်ခဲ့ တဲ့ ပညာရပ်ကို လက်တွေ့ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ ပြန်လည် အသုံးချနိုင်မှာသာ ပြီးပြည့်စုံ တဲ့ Learning Cycle တစ်ခု ဖြစ်လာစေမှာပါ။

နောက်ထပ်ပြောချင်တာ ခု နောက်ပိုင်း အသစ်ထွက်လာတဲ့ . Certification Frame ပါ။ အဲဒီမှာတော့ Exam နဲ့ Certificate အသစ်တွေ ပါလာပါတယ်။ အရင် Certification Path တွေကို လဲ မပြောင်းသေးပါဘူး.။ နှစ်ခု စလုံး ကိုယ်အဆင်ပြောတာကို Upgrade လုပ်ပြီးဖြေနိုင်ပါတယ်။
အဲဒီအထဲမှာ MCSE နဲ့ ပတ်သတ်တဲ့ Professional လမ်းကြောင်းတွေကတော့
-       MCSE: Business Applications
-       MCSE: Cloud Platform and Infrastructure
-       MCSE: Data Management and Analytics
-       MCSE: Mobility
-       MCSE: Productivity တွေပါပဲ။
အဲဒီအထဲက MCSA Server 2012 ပြီးတဲ့ သူ တွေ Upgrade လုပ်နိုင်တဲ့ .လမ်းကြောင်းတွေကို ဆက်ပြောသွားမှာပါ။ အောက်ပါ MCSE နှစ်ခု ကတော့ MCSA Server 2012 ရရဲ့ ထားတဲ့ သူတွေသွားလို့ ရတဲ့ လမ်းကြောင်းနှစ်ခုပါ။
-       MCSE: Cloud Platform and Infrastructure
-       MCSE: Productivity
Cloud Platform and Infrastructureကို ရယူခြင်းတယ်ဆိုရင် ၂၀၁၇ နှစ်မကုန်ခင်မှာ အောက်ပါ Exam တွေထဲက တစ်ဘာသာကို ဖြေဆိုယုံနဲ့ ..လက်မှတ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
-       Exam 70-532 Developing Microsoft Azure Solutions
-       Exam 70-533 Implementing Microsoft Azure Infrastructure Solutions
-       Exam 70-534 Architecting Microsoft Azure Solutions
-       Exam 70-473 Designing and Implementing Cloud Data Platform Solutions
-       Exam 70-475 Designing and Implementing Big Data Analytics Solutions
-       Exam 70-744 Securing Windows Server 2016
-       Exam 70-745 Implementing a Software-Defined Datacenter
-       Exam 70-413 Designing and Implementing a Server Infrastructure
-       Exam 70-414 Implementing an Advanced Server Infrastructure
-       Exam 70-246 Monitoring and Operating a Private Cloud
-       Exam 70-247 Configuring and Deploying a Private Cloud
-       Exam 70-537 Configuring and Operating a Hybrid Cloud with Microsoft Azure Stack (Coming Soon)
-       Exam 70-538 Implementing Microsoft Azure DevOps Solutions (Coming Soon)
-       Exam 70-539 Managing Linux Workloads on Azure (Coming Soon)
ပုံမှန် အရင်က Certification အရဆိုရင်တော့ ကျွန်တော်တို့ MCSE ကို upgrade လုပ်ချင်ရင် နှစ်ဘာသာဖြေမှ ရမှာထက်စာရင် တစ်ဘာက ပို ပြီးတော့ စာမေးပွဲကြေးသက်သာသွားနိုင်ပါတယ်။ တစ်ခုတော့ မိမိရဲ့ လေ့လာအားထုတ်မူကို တော့ အဲဒီနှစ်ဘာသာကို Server Infra ဆက်လုပ်မယ်ဆိုရင် တော့ လေ့လာထားသင့်ပါတယ်။

နောက်ထပ် MCSE: Productivity အတွက် ဆိုရင်လဲအောက်ပါ ဘာသာရပ်များမှ တစ်ဘာသာကို ဖြေဆိုယုံဖြင့် ရနိုင်ပါတယ်။
-       Exam 70-345 Designing and Deploying Microsoft Exchange Server 2016
-       Exam 70-339 Managing Microsoft SharePoint Server 2016
-       Exam 70-333 Deploying Enterprise Voice with Skype for Business 2015
-       Exam 70-334 Core Solutions of Microsoft Skype for Business 2015
-       Exam 70-331 Core Solutions of Microsoft SharePoint Server 2013
-       Exam 70-332 Advanced Solutions of Microsoft SharePoint Server 2013
-       Exam 70-341 Core Solutions of Microsoft Exchange Server 2013
-       Exam 70-342 Advanced Solutions of Microsoft Exchange Server 2013
MCSA ထိ ပြီးထားတယ်ဆိုရင်တော့ SE ထိသွားသင့်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းလဲမတူပါဘူး…MCSE ဆို၇င်တော့ သင့်အတွက် စိန်ခေါ်မူ တွေ နဲ့ Salary တွေ က စောင့်ကြိုနေမှာပါ။ တစ်ခုတော့ ရှိတယ်..ကိုယ်တိုင် တတ်ကျွမ်းပြီး တကယ်လုပ်နိုင်မှာသာ အဲဒီ Cerftiication တွေ ဟာ အဆင့်အတန်းမြင့်လာနိုင်မှာပါ။ မဟုတ်ရင်တော့ Paper Certified တွေသာ ဖြစ်မှာ ဖြစ်ပါတယ်။

အသေးစိတ်တွေကိုတော့ အောက်ပါ Link မှာ လေ့လာနို်င်ပါတယ်။
https://www.microsoft.com/en-us/learning/mcse-certification.aspx

ကျေးဇူးတင်ပါတယ်။
ကိုကောင်းသူ @ ကိုဖြိုးဝေလင်း

No comments:

Post a Comment